အကျိုးအမြတ်များကို လှူဒါန်းမည့် Vienna Ballroom ကပွဲကို ရန်ကုန်မြို့တွင် ကျင်းပမည်

ရန်ကုန်

သြစတြီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ Vienna Ballroom စုံတွဲအကကို မြန်မာပြည်မှာ တွေ့ရှိ ခံစားရတာ့မှာ ဖြစ်ပါတယ်။

သောက်သုံးရေရရှိရေးနဲ့ စစ်ဘေးရှောင်ပြည်သူတွေထံကို ရရှိလာတဲ့အကျိုးအမြတ်တွေ လှူဒါန်းဖို့ရည်ရွယ်ထားတဲ့ ကပွဲတစ်ခုကို လာမယ့် မတ်လအတွင်းမှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။

မြန်မာနိုင်ငံနဲ့ သြစတြီးယားနိုင်ငံတို့အကြား ယဉ်ကျေးမှုဖလှယ်တဲ့အစီအစဉ်အနေနဲ့ သြစတြီးယားသံရုံးနဲ့ Rotary Club of Yangon တို့က ပူးပေါင်း စီစဉ် ကျင်းပမှာလည်း ဖြစ်ပါတယ်။

“ဥရောပတိုက်ရဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ သြစတြီးယားနိုင်ငံဟာ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေမျာ ချမ်းအေးပြီး မှောင်မိုက်နေလေ့ရှိသောကြောင့် ယဉ်ကျေးမှုအရ ရှေးခေတ်လူများဟာ သူတို့ကိုယ်တိုင်ရဲ့ ခံစားချက်တွေကို ပွဲလမ်းသဘင်လုပ်ကာ မျှဝေလေ့ရှိကြပါတယ်”လို့ မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယားနိုင်ငံ သံအမတ်ကြီး Mr. Enno Drofenik က ဇန်နဝါရီ ၂၆ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ Vienna Ballroom Dance နဲ့ ပတ်သက်လို့ ထိုခံစားချက်တွေကို ဒီကို ခေါ်လာချင်တာပါ” လို့လည်း သူက ပြောပါတယ်။

ယဉ်ကျေးမှုဖလှယ်ရန်အပြင် မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများကို ပေးရန်လည်း ရည်ရွယ်ထားတယ်လို့ သံအမတ်ကြီးက ဆက်လက်ပြောကြားပါတယ်။

ကပွဲကို မတ် ၄ ရက်နေ့၊ ညနေ ၆ နာရီခွဲကနေ ည ၁၂ နာရီအထိ ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပသွားမှာဖြစ်ပြီး လက်မှတ်တစ်စောင်ကို အမေရိကန်ဒေါ်လာ ၁၅၀ သတ်မှတ်ထားပါတယ်။

“ယခုလိုပွဲလုပ်သည့် ရည်ရွယ်ချက်သည် မြန်မာနိုင်ငံနှင့် သြစတြီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးကို တိုးမြှင့်ရန်ဖြစ်ပြီး၊ ယဉ်ကျေးမှုကို ဖလှယ်နိုင်ရန်နှင့် မြန်မာနိုင်ငံက လိုအပ်သော လူသားချင်းစာနာမှု အကူအညီများကို ပေးရန် ဖြစ်ပါတယ်” လို့ သံအမတ်ကြီးကပြောပါတယ်။

Rotary Club of Yangon ရဲ့ ဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းကလည်း ယခုပွဲဟာ ဥရောပနိုင်ငံဖြစ်တဲ့ သြစတြီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုကို မိတ်ဆက်ခြင်းဖြစ်သလို ရလာတဲ့ ရံပုံငွေတွေကို အရေးပေါ်လိုအပ်တဲ့ နေရာတွေအတွက် သုံးဆွဲသွားမယ်လို့ ပြောပါတယ်။

Vienna Ballroom Yangon ယဉ်ကျေးမှုဖလှယ်ပွဲသို့ ဧည့်သည်တော်တွေအဖြစ် သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ကိုလည်း ဖိတ်ကြားထားပါတယ်။

ဒီအပြင် သြစတြီးယားနိုင်ငံ၊ ဗီယာနာရဲ့ ဒုတိယမြို့တော်ဝန်လည်း တက်ရောက်မှာ ဖြစ်ပါတယ်။

သတင်း-ဆုမြတ်မွန်

More stories

Related stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar