သီလဝါတွင် မလေးရှားက ကတ်ထူပုံးစက်ရုံ ဆောက်မည်

ရန်ကုန်၊ ဇန်နဝါရီ ၈

မလေးရှားနိုင်ငံရဲ့  အကြီးဆုံး ကုန်ပစ္စည်းထုတ်ပိုးမှုကုမ္ပဏီများထဲက တစ်ခုက ရန်ကုန်မြို့ အရှေ့တောင်ဘက်မှာရှိတဲ့ သီလဝါအထူးစီးပွားရေးဇုန်အတွင်း စက်ရုံ တည်ဆောက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ကတ်ထူပုံးတွေ ထုတ်လုပ်တဲ့ Box-Pak အမည်ရတဲ့ မလေးရှားကုမ္ပဏီဟာ သီလဝါအထူးစီးပွားရေးဇုန် (SEZ) မှာ မြေဧက ၁၈ ဒသမ ၅ ဧက အကျယ်ရှိ မြေနေရာကို ၂၀၆၄ ခုနှစ်၊ ဇွန်လအထိ ငှားရမ်းဖို့ မြန်မာ-ဂျပန် သီလဝါဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီနဲ့ သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့တယ်လို့ Star Online သတင်းက ဖော်ပြခဲ့ပါတယ်။

သဘောတူညီချက်မှာ မြေနေရာတစ်စတုရန်းမီတာကို အမေရိကန် ဒေါ်လာ ၇၅ ဒေါ်လာ၊ စုစုပေါင်း ဒေါ်လာ ၅ ဒသမ ၆ သန်းဖြင့် သဘောတူခဲ့တယ်လို့ သိရပါတယ်။

Box-Pak ဟာ  Kian Joo Can ရဲ့ စက်ရုံခွဲတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ဈေးကွက်သစ်များချဲ့ထွင်ကာ ရှိနှင့်ပြီးသား ဈေးကွက်များအတွင်း အမြတ်ငွေပိုမိုရရှိဖို့ ဆောင်ရွက်သွားမယ်လို့ Bursa Malaysia စတော့ အိပ်ချိန်းမှာ စာရင်းသွင်းစဉ်က ပြောကြားခဲ့ပါတယ်။

Box-Pak ဟာ ဗီယက်နမ်နိုင်ငံက ဟနွိုင်းနဲ့ ဟိုချီမင်းမြို့တွေမှာလည်း လုပ်ငန်းများ လည်ပတ်လျှက်ရှိပြီး ဒေသတွင်း လုပ်ငန်းတိုးချဲ့ဖို့အတွက် ရည်ရွယ်ထားကြောင်း Star Online သတင်းက ဆိုပါတယ်။

သတင်း- FRONTIER သတင်းအဖွဲ့

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar