သမ္မတဟောင်း ဦးသိန်းစိန်သည် တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဝန်ယိနှင့် ဘေဂျင်းမြို့တွင် ဧပြီ ၂၂ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ရေးသားထားသည်။
ထိုသို့ တွေ့ဆုံစဉ် ဝန်ယိက နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကြောင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများကို တွေ့မြင်လာရသည်ဟု ပြောကြားသည်။ ထို့ပြင် တရုတ်-မြန်မာ စီးပွားရေးစြင်္ကန် တက်ဆောက်မှုအား တွန်းအားပေးရေးနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားသစ်များ ပေးရေးအတွက် တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် ပူးပေါင်းလုပ်ကိုင်သွားရန် ဆန္ဒရှိသည်ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတွင် တိုးတက်မှုများ ရရှိနေမှုကို မြင်တွေ့ရသည့်အတွက်လည်း တရုတ်နိုင်ငံအနေဖြင့် ဝမ်းသာသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် အပြုသဘော ပါဝင်ဆောင်ရွက်ရန်လည်း ၎င်းက ပြောကြားခဲ့သည်။
ဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်လာစေရေးနှင့် စီးပွားရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တရုတ်နိုင်ငံက ကြိုးပမ်းဆောင်ရွက်ပေးမှုများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်လာစေရေးအတွက် ဆောင်ရွက်ရန် မျှော်မှန်းကြောင်းလည်း ဦးသိန်းစိန်က ပြောကြားကြောင့် ဆင်ဟွာက ရေးသားထားသည်။