လွှတ်တော်၌ ဆွေးနွေးရန် မဆုံးဖြတ်နိုင်သူများကို အစိုးရက စေလွှတ်သဖြင့် ဥပဒေပြုလုပ်ငန်းများ နှောင့်နှေး

ပြည်သူ့လွှတ်တော်သည် လွှတ်တော် ပထမငါးနှစ်သက်တမ်းအတွင်း ဥပဒေပြုလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ခဲ့သော်လည်း ဥပဒေကြမ်းများ စိစစ်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနအများစုက ဆုံးဖြတ်ချက်မပေးနိုင်သည့် အရာရှိများသာ တက်ရောက်လာသောကြောင့် လုပ်ငန်းများ နှောင့်နှေးကြန့်ကြာခဲ့ရသည်ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးက ဒီဇင်ဘာ ၉ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

“အစိုးရအဖွဲ့ကို ညှိနှိုင်းအစည်းအဝေး ဖိတ်တဲ့အခါ တာဝန်ယူရှင်းလင်းနိုင်မယ့် ပုဂ္ဂိုလ်များ တက်ရောက်ပေးဖို့ဖိတ်ပါတယ်။ ဝန်ကြီးဌာနတချို့က ဒုတိယဝန်ကြီးတွေ တက်ရောက်ခဲ့ပေမယ့် အများစုက ညွှန်ကြားရေးမှူ းချုပ်၊ ဒုတိယညွှန်ကြားရေးမှူ းချုပ်နဲ့ညွှန်ကြားရေးမှူ းတွေလောက်ပဲ ရောက်လာကြတယ်။ ဥပဒေကြမ်းတွေနဲ့ပတ်သက်ပြီး တိကျခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ မပေးနိုင်တော့ အစည်းအဝေးတွေ မလိုအပ်ဘဲ အကြိမ်ကြိမ် ခေါ်ခဲ့ရလို့အချိန်နှောင့်နှေး ကြန့်ကြာခဲ့ရပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူးဖြစ်သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ချောင်းဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောလှထွန်းက ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရာတွင် ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီသည် ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးသည့် ဥပဒေကြမ်း ၁၆၅ ခုအနက် ၁၅၂ ခုနှင့် နည်းဥပဒေနှစ်ခုတို့ကို အတည်ပြုနိုင်ခဲ့သည်။

အမျိုးသားလွှတ်တော်တွင် စတင် ဆွေးနွေးကာ ပြည်သူ့လွှတ်တော်သို့ ပေးပို့လာသည့် ဥပဒေကြမ်း ၁၀၃ ခုအနက် ၉၆ ခုကိုလည်း ဆွေးနွေးအတည်ပြုနိုင်ခဲ့သည်ဟု ကော်မတီ အစီရင်ခံစာတွင် ဖော်ပြထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar