လေယာဉ်ပျက်ကျမှုမှာ ရာသီဥတုကြောင့်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်

နေပြည်တော်၊ ဇူလိုင် ၁၈

ပြီးခဲ့သည့် ဇွန်လက လူပေါင်း ၁၂၀ ကျော်နှင့်အတူ တပ်မတော်လေယာဉ် ပျက်ကျသွားမှုမှာ ရာသီဥတု ဆိုးရွားမှုကြောင့်ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

လေယာဉ်ပျက်ကျသည့်နေရာမှ ရရှိသည့် လေယာဉ်ပျံသန်းမှုမှတ်တမ်းတင် ကိရိယာ FDR နှင့် CVR တို့မှ ရရှိသည့် အချက်အလက်များ အပေါ်မူတည်၍ စုံစမ်းစစ်ဆေးပြီးနောက် ထိုသို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

FDR နှင့် CVR တို့မှ ရရှိသည့် အချက်အလက်များ၊ မိုးလေဝသ သတင်းပို့ချက်များအရ လေယာဉ် မတော်တဆ ဖြစ်ပွားမှု ဖြစ်စဉ်သည် လေယာဉ်ပျံသန်းရာ၌ ဆိုးရွားသော ရာသီဥတုနှင့် ကြုံတွေ့ရစဉ် lost control ဖြစ်ပေါ်ခဲ့မှုကြောင့် Stall (လေယာဉ်ပင့်အား ဆုံးရှုံးမှု)ဝင်၍ Spin (လေယာဉ်ဦးစိုက်လည်ကျမှု) ဖြစ်ပေါ်ခဲ့သည့်အတွက် လေယာဉ်မောင်းနှင်သူ (pilot) က ထိန်းချုပ်မောင်းနှင်နိုင်သည့် အခြေအနေသို့ ပြန်လည်ရောက်ရှိခြင်း မရှိတော့ဘဲ မတော်တဆမှုဖြစ်စဉ် ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု ပူးပေါင်း စုံစမ်းစစ်ဆေး ဖော်ထုတ်ရေးအဖွဲ့က သုံးသပ်ဖော်ထုတ်ခဲ့ကြသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဇူလိုင် ၁၈ ရက်နေ့က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆိုးရွားသော ရာသီဥတုတွင် အပေါ်စီးမှ လေဖိ၍ တိုက်ခြင်း၊ အောက်မှပင့်၍ တိုက်ခြင်းနှင့် ရေခဲမှု ဖြစ်ပေါ်ခြင်း စသည့် အတိအကျ မခန့်မှန်းနိုင်သော ရာသီဥတုအခြေအနေများလည်း ပါဝင်နိုင်သည်ကို သုံးသပ် ဖော်ထုတ် ရရှိကြသည်ဟု ဆက်လက်ဖော်ပြထားသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး FDR နှင့် CVR တို့အား စိစစ်ဖော်ထုတ်သည့် Australian ပညာရှင်များ ပါဝင်သည့် တတိယအဖွဲ့အစည်း (Third Party) သည် International Civil Aviation Organization(ICAO) Annex 13 နှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော် သယ်ယူပို့ဆောင်ရေး (Y-8 F 200 W) လေယာဉ် ပျက်ကျရခြင်းသည် မသမာမှုတစ်ခုခုကြောင့်သော်လည်းကောင်း၊ ပေါက်ကွဲစေတတ်သော ပစ္စည်းတစ်ခုခုကြောင့် သော်လည်းကောင်း ၊ လေယာဉ်အင်ဂျင် ချို့ယွင်းရပ်တန့်မှုကြောင့်သော်လည်းကောင်း ပျံသန်းစဉ် ပျက်ကျခဲ့ခြင်းမဟုတ်ဟုလည်း ဖော်ပြထားသည်။

စုံစမ်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ရာတွင် FDR နှင့် CVR တို့၏ မူလထုတ်လုပ်သည့် ကုမ္ပဏီ Original Equipment Manufacturer (OEM) မှာ တရုတ်နိုင်ငံဖြစ်ပြီး ထုတ်လုပ်သူနှင့် အသုံးပြုသူ နှစ်ဦးနှစ်ဖက်အကြား သံသယ ကင်းရှင်းပြီး မလိုလားသည့် ကြားခံအဖွဲ့အစည်းများ၏ သွေးထိုးမှုရှောင်ရှားနိုင်စေရန်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်အရ တတိယအဖွဲ့အစည်း (Third Party)နှင့် ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပူးပေါင်း စုံစမ်းစစ်ဆေး ဖော်ထုတ်ရေးအဖွဲ့အား တပ်မတော်(လေ)မှ ကျွမ်းကျင်ပညာရှင်များပါဝင်သည့် ကိုယ်စား လှယ်အဖွဲ့၊ မြန်မာနိုင်ငံ လေယာဉ်မတော်တဆထိခိုက်မှု စုံစမ်းစစ်ဆေးရေးဌာန Myanmar Accident Investigation Bureau-MAIB (MAIB) နှင့် တတိယအဖွဲ့အစည်းအဖြစ် သြစတေးလျနိုင်ငံ Directorate of Defence Aviation and Air Force Safety (DDAAFS)မှာ ကျွမ်းကျင်သူများဖြင့် ပါဝင်ဖွဲ့စည်းထားသည်။

တရုတ်နိုင်ငံထုတ် Y8 အမျိုးအစား တပ်မတော်(လေ)လေယာဉ်သည် ဇွန် ၇ ရက်နေ့က ခရီးသည်နှင့် လေယာဉ်အမှုထမ်း ၁၂၄ ဦးအား တင်ဆောင်ကာ ပျံသန်းလာစဉ် ထားဝယ်မြို့အနီး ပင်လယ်တွင်းသို့ ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar