အခုရက်ပိုင်းအတွင်းမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ နှောက်ယှက်မှုတွေနဲ့ပတ်သက်ပြီး အမှုတွေကို ခပ်စိတ်စိတ်ကြားလာရသလို Social Punishment လိုမျိုး ပြစ်ဒဏ်တွေကို ကျင့်သုံးလာတာတွေလည်းပိုရှိလာပါတယ်။ ဒီတစ်ပတ်ရဲ့ DohAthan DohTalk အစီအစဉ်မှာတော့ မျှတတဲ့ တရားစီရင်ရေးစနစ်ကို ကျင့်သုံးလို့မရတဲ့ကာလမှာ နစ်နာသူတွေအတွက် Social Punishment နဲ့ ဘယ်လိုနည်းလမ်းတွေက အကောင်းဆုံးဖြေရှင်းနိုင်မလဲ ဆိုတာတွေကို ဆွေးနွေးသွားမှာပါ။
ဆွေးနွေးပွဲမှာ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ နဲ့ အဓိကာရ Podcast တည်ထောင်သူ ဆရာအောင်ခန့် ၊ မြန်မာ့အမျိုးသမီးသမဂ္ဂ တွဲဖက်အထွေထွေအတွင်းရေးမှူး ( ၁ )ဆရာမ ဝေဝေ၊ လူ့အခွင့်အရေးနဲ့ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာတရားမျှတမှုအရေး လုပ်ဆောင်နေတဲ့ ထားဝယ်ရှေ့နေကွန်ယက်ပူးတွဲတည်ထောင်သူဟောင်း ဆရာမ မယ်အေး တို့ပါဝင်ဆွေးနွေးထားပါတယ်။