လမ်းဘေးဈေးသည်များအား ပြန်လည်နေရာချထားရာတွင် မညီမ ျှမှုများ ရှိနေဟုဆို

ရန်ကုန်မြို့တွင် လမ်းဘေးဈေးသည်များ ပပျောက်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ညဈေးတန်းဖွင့်လှစ်ခဲ့သော်လည်း ဈေးသည်များအား ပြန်လည် နေရာချထားပေးရာတွင် ညီမ ျှမှုမရှိဟု ဈေးသည်အချို့က ပြောကြားကြသည်။

လမ်းမတော်မြို့နယ်တွင် သစ်သီးများရောင်းချသည့် လမ်းဘေးဈေးသယ်တစ်ဦးဖြစ်သော ဦးကိုအောင်အောင်က ရန်ကုန်မြို့ထဲတွင် လမ်းဘေးဈေးသည်ပေါင်း ၇,၀၀၀ ခန့်ရှိသည့်အနက် ၁,၆၀၀ ခန့်သာ နေရာရရှိသည်ဟု ပြောကြားသည်။

“ကျွန်တော်တို့ထင်တာကတော့ ဒီခေတ်မှာ ညီမျှမှုရှိလိမ့်မယ်လို့ ထင်ခဲ့တယ်။ ခုတော့ အဲလိုမဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာကို သွားပြောတဲ့အခါမှာ မရေရာတဲ့ စကားတွေသာ ပြောကြပါတယ်” ဟု ၎င်းကပြောသည်။

နေရာချထားပေးရာတွင်လည်း ဈေးသည်များ ရရှိသည့် ဆိုင်နေရာ အကျယ်အဝန်းမှာ မ ျှတမှု မရှိဟု ၎င်းက ဆက်လက်ပြောကြားသည်။ ပစ္စည်းတစ်ခုတည်းကိုရောင်းသော ဈေးသည်ကိုပင် အကျယ်အဝန်းက နှစ်မျိုးပေးသောကြောင့် အချို့က လေးပေသာရချိန်တွင် အချို့ကမူ ရှစ်ပေအကျယ်အထိ ရရှိကြသည်ဟု ဦးကိုကိုအောင်က ပြောသည်။

“ကျွန်တော်တို့အပေါ် ဒီလိုမညီမျှတဲ့အတွက်ကြောင့်မို့ သတင်းစာရှင်းလင်းပွဲ လုပ်ရတာပါ” ဟု ၎င်းက ပြောသည်။

ညဈေးတန်းတွင် နေရာချထားပေးခြင်းမခံရပဲ ချန်လှပ်ခံခဲ့ကြရသည့် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းနှင့် ကျောက်တံတားမြို့နယ်များ လမ်းဘေးဈေးသည်များက ၎င်းတို့ ခံစားနေရမှုများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခုကို နိုဝင်ဘာ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

“ကျွန်တော်တို့ ညဈေးမှာလည်းပဲ နေရာမရှိ၊ အစိုးရဆီမှာလည်း အရေးယူခံရအုံးမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ကလေးတွေ မျက်နှာကို ကြည့်ပြီးတော့ ငိုနေရမှာလား” ဟု ဦးကိုကိုအောင်က ပြောကြားသည်။။

နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် တက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်သူ ဦးမိုးသူက အစိုးရအနေဖြင့် လုပ်ဆောင်မှု တော်တော်များများတွင် မှားယွင်းနေသည်ဟု စွပ်စွဲလိုက်သည်။

“လမ်းဘေးဈေးသယ်တွေကို နေရာချထားပေးရေးမှာ ချမ်းသာသူတွေကိုသာ သူတို့ကြိုက်သလို ခေါင်းခေါက် ရွေးချယ်တာဖြစ်တယ်” ဟု ၎င်းကပြောကြားသည်။

“ကျွန်တော်တို့လက်သန်းနဲ့ တင်မြှောက်ပေးလိုက်သော ပြည်သူအစိုးရက အခြေခံလူတန်းစားကို ပြန်ကြည့်ရန် လိုအပ်ပါတယ်။ သို့သော် ပြည်သူတွေ၊ လမ်းဘေးဈေးသယ်တွေကို ဖိနှိပ်ပြီး အုပ်ချုပ်တဲ့ ဘယ်အစိုးရကိုမှ ကျွန်တော်တို့အနေနဲ့ လက်မခံဘူး” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့တွင်း လေးမြို့နယ်ဖြစ်သည့် ကျောက်တံတား၊ ပန်းပဲတန်း၊ လသာနှင့် လမ်းမတော် မြို့နယ်များရှိ လမ်းမကြီး ၁၁ လမ်းပေါ်တွင် လမ်းဘေးဈေးသည် ဈေးမရောင်းရနယ်မြေအဖြစ် သတ်မှတ်လိုက်ပြီး လမ်းမကြီးများတွင် ရောင်းချပါက ရန်ကုန်မြို့တော် စည်ပင်ဥပဒေဖြင့် အရေးယူမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြေညာထားသည်။

အဆိုပါ မြို့နယ်များရှိ လမ်းမကြီးများပေါ်တွင် ရောင်းချသည့် လမ်းဘေးဈေးသည် ၆,၀၀၀ ကျော်အနက် အစားအသောက်နှင့် သစ်သီးရောင်းချသူ ၁,၆၀၀ ကို ကမ်းနားလမ်းတွင် ဖွင့်လှစ်မည့် ညဈေးတန်းသို့ ပြောင်းရွှေ့စေမည်ဖြစ်ပြီး ကျန်ရှိသည့်ဈေးသည် ၄,၀၀၀ ကျော်ကို ရန်ကုန်မြို့တွင်းရှိ နံပါတ်တပ်လမ်းများ အတွင်းသို့ ထည့်သွင်းမည် ဖြစ်သောကြောင့် လမ်းမကြီး ၁၁ လမ်းအား လမ်းဘေးဈေးမရောင်းရ နယ်မြေအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း မြို့တော်စည်ပင် တာဝန်ရှိသူတစ်ဦးက Eleven Media ကို ပြောကြားထားသည်။

ဈေးရောင်းခွင့် တားမြစ်လိုက်သည့် လမ်းများမှာ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မဟာဗန္ဓုလလမ်း၊ ပန်းဆိုးတန်းလမ်း၊ ကုန်သည်လမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ဆူးလေဘုရားလမ်း၊ လသာလမ်း၊ လမ်းမတော်လမ်း၊ ဘုန်းကြီးလမ်းနှင့် ကမ်းနားလမ်းစသည့် လမ်းမကြီးများဖြစ်သည်။

ရန်ကုန်မြို့၊ ကမ်းနားလမ်းပေါ်ရှိ ညဈေးတန်းကို နိုဝင်ဘာ ၂၀ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ရေ၊ လ ျှပ်စစ်မီးနှင့် အိမ်သာများကိုပါ စီစဉ်ပေးထားသည်။

သတင်း-ဆုမြတ်မွန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar