ရှမ်းပြည်တောင်ပိုင်းတွင် စစ်ဘေးဒုက္ခသည် ၂,၀၀၀ ခန့်ရှိသွားပြီ၊ သေဆုံးသူ အရပ်သား ငါးဦးရှိ

လဲချား၊ နိုဝင်ဘာ ၁၇

ရှမ်းပြည်တောင်ပိုင်းတွင် အက်စ်အက်စ်အေ(မြောက်ပိုင်း)နှင့် အစိုးရစစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိ သဖြင့် တိမ်းရှောင်ထွက်ပြေး နေရသည့် စစ်ဘေးဒုက္ခသည်ဦးရေ စုစုပေါင်း ၂,၀၀၀ ခန့် ရှိနေပြီဟု ထိုနေရာသို့ ရောက်ရှိနေသော Frontier သတင်းထောက်က နိုဝင်ဘာ ၁၇ ညနေပိုင်းတွင် သတင်းပေးပို့သည်။

ထို့ပြင် စစ်ပွဲကြောင့် မိုင်းနောင်မြို့မှ အရပ်သားငါးဦးလည်း သေဆုံးခဲ့ရာ ထိုအထဲတွင် အသက်ငါးနှစ်အရွယ် ကလေးငယ်တစ်ဦး ပါဝင်သည်ဟု ဆိုသည်။

လတ်တလော၌ လဲချားမြို့ရှိ ကျောင်းပိုင်ဘုန်းကြီးကျောင်းတွင် ဒုက္ခသည် ၆၀၀ ကျော်ခိုလှုံနေရပြီး လာရှိုးမြို့မှ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင်လည်း ဒုက္ခသည် ၄၀၀ ခန့်နှင့် တောင်ကြီးမြို့၌ ခိုလှုံနေသူ ၅၀ ဦးခန့် ရှိသည် ဟု သိရသည်။ ထိုနည်းတူပင် ဘေးလွတ်ရာ ဟုယူဆသည့် ရပ်ရွာများသို့ ရွာလုံးကျွတ် ထွက်ပြေးရသည့် သူများလည်း ရှိနေရာ ထိုပြန့်ကျဲနေသော ဒုက္ခသည်ဦးရေမှာ ၁,၀၀၀ ခန့် ရှိလိမ့်မည်ဟု ဒေသခံတို့က ခန့်မှန်း ကြသည်။

ဒုက္ခသည် ၆၀၀ ခန့် ခိုလှုံနေသော လဲချားမြို့မှ ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်က “အကူအညီတွေ အရေးပေါ်လိုနေပြီ”ဟု မိန့်ကြားသည်။

လက်ရှိတွင် ဒုက္ခသည်များအား အစိုးရက ထောက်ပံ့ပေးမှု တစုံတရာ မရှိသေးဘဲ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနှင့် Relief International အဖွဲ့မှ စားစရာအချို့နှင့် စောင်ခြင်ထောင်အချို့သာ ထောက်ပံ့ပေးထား သည်ကို တွေ့ရသည်။

လက်ရှိ အပြင်းထန်ဆုံး စစ်ဖြစ်ပွားနေသည်မှာ တောင်ကြီးမြို့မှ ရှစ်နာရီခန့် ကားဖြင့်သွားရသော မိုင်းနောင် မြို့နှင့် အနီးအနားမှ ရွာများတွင် ဖြစ်သည်။

တိုက်ပွဲများသည် အောက်တိုဘာ ၂၆ ရက်က စတင်ခဲ့ပြီး ပြီးခဲ့သည့် နှစ်ရက်အထိ ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။ စစ်ဘေးဒုက္ခသည် ဦးရေသည်လည်း နေ့စဉ် တိုးလာနေသည်။

သတင်း-ြမတ်ကျော်သူ

More stories

Related stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.