ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေဟာ အန္တရာယ်တွေကြားကနေ ထွက်ပြေးတိမ်းရှောင်လာရတာတွေ၊ မရင်းနှီးတဲ့နေရာတွေမှာ ရှင်သန်ဖို့ အတွက် ရှိတာလေးတွေနဲ့ဘ၀ကို ပြန်လည်တည်ဆောက်ရတာတွေ အစရှိတဲ့ စိန်ခေါ်မှု များစွာကိုရင်ဆိုင်နေရပါတယ်။ မွတ်စလင်လူနည်းစုဖြစ်တဲ့ ကမန်လူမျိုးတွေအတွက်က ဒီလိုစိန်ခေါ်မှုတွေအပြင် လူမျိုးအချင်းချင်း၊ ဘာသာတူအချင်းချင်း ခွဲခြားဆက်ဆံခံရမှုတွေကို ပါ ထပ်တိုးရင်ဆိုင်နေရပါတယ်။
ကမန်လူမျိုးဟာ ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာဝင်လူနည်းစုဖြစ်ပြီး ပြည်နယ်တွင်းမှာနေထိုင်စဉ်ကတည်းက ဒေသအာဏာပိုင်တွေနဲ့ လူများစုရခိုင်လူမျိုးတွေရဲ့ ခွဲခြား ဆက်ဆံခြင်းကို ခံစားခဲ့ရပါတယ်။ အခု ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့်ရန်ကုန်ကို ထွက်ပြေးတိမ်းရှောင်လာချိန်မှာလည်း မမျှော်လင့်ထားတဲ့ ခွဲခြားဆက်ဆံခံရမှုတွေကို ထပ်မံ ကြုံတွေ့ရပြန်ပါပြီ။ ဒီပေါ့ဒ်ကတ်စ် အစီအစဉ်ကို နားဆင်နိုင်ပါပြီ။
ဒို့အသံဟာ မြန်မာနိုင်ငံတဝန်းက လူ့အခွင့်အရေးအခြေအနေတွေကို တင်ဆက်ပေးနေတဲ့ အပတ်စဉ် ပေါ့ဒ်ကတ်အစီအစဉ် ဖြစ်ပါတယ်။ ဒို့အသံအစီအစဉ်ကို အလှူရှင်အဖွဲ့အစည်းတွေက ပံ့ပိုးပေးမှုနဲ့အတူ ဖရွန်တီးယားမြန်မာနဲ့ မြန်မာနိုင်ငံတစ်ဝန်းက မိတ်ဖက်မီဒီယာတွေ ပူးပေါင်းတင်ဆက်ထားတာဖြစ်ပါတယ်။