ညနေ ၄ နာရီ ရွေး/ကော်ထုတ်ပြန်ချက်အရ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များတွင် ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မှလွဲ၍ NLD ပါတီက အမတ်ဦးရေ အများဆုံး ရရှိကာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများ ဖွဲ့နိုင်မည်ဖြစ်သည်။ ရှမ်းနှင့် ရခိုင်တို့တွင်မူ SNLD နှင့်လည်းကောင်း၊ ANP နှင့်လည်းကောင်း နှစ်ပါတီစီ ပေါင်းပြီး အစိုးရ ဖွဲ့နိုင်မည် ဖြစ်သည်။
“ရွေးကောက်ပွဲရလဒ်များ ကြေညာအပြီးတွင် တည်ငြိမ်အေးချမ်းစွာ ပြောင်းလဲနိုင်စေရန် အပေးအယူများ၊ ညှိနှိုင်းမှုများလုပ်ကြဖို့ ပြောချင်ပါတယ်” ဟု ရွေး/ကော်ဥက္ကဋ္ဌ ဦးတင်အေးက ယနေ့ညနေ သတင်းစာရှင်းပွဲ၌ ပြောကြားသည်။
ယခုရက်ပိုင်းအတွင်း ဒေါ်စု၏ ကြီး လေးကြီး တွေ့ကြရန် ကမ်းလှမ်းမှှုအပေါ် သမ္မတ၊ တပ်ချုပ်နှင့် ပြည်ထောင်စု လွှတ်တော်နာယကတို့က လက်ခံခဲ့ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်များအပြီးတွေ့မည်ဟု အကြောင်းပြန်ထား သောကြောင့် ထိုလေးပွင့်ဆိုင်တွေ့ဆုံပွဲတွင် အပေးအယူနှင့် ညှိနှှိုင်းမှုများ လုပ်ကြဖို့ဦးတင်အေးက ရည်ညွှန်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ရွေး/ကော်က ကြေညာရန် ပြည်သူ့လွှတ်တော်အမတ် ၂ ဦး၊ အမျိုးသားလွှတ်တော်အမတ် တစ်ဦး၊ တိုင်း ဒေသကြီး/ ပြည်နယ်အမတ် လေး ဦး၊ တိုင်းရင်းသားလူမျိုးအမတ်လေး ဦး၊ စုစုပေါင်း ၁၁ ဦးသာ ကျန်ရှိသည်။
သွားလာရေး ခက်ခဲသော ကချင်ပြည်နယ် နောင်မွန်မြို့၊ ခေါင်လန်ဖူးမြို့တို့မှ အနိုင်ရအမတ်စာရင်းများ ကျန်ရှိ နေပြီး ယခုအခါ ခေါင်လန်ဖူးမှ ၁၀ မိုင်ခရီး ခြေလျင်သွားရသည့် ကျေးရွာများမှ မဲစာရင်းများ နောင်မွန်သို့ ရောက်ရှိနေပြီဖြစ်၍ နိုဝင်ဘာ ၂၀ ရက်နောက်ဆုံးထား ကြေညာနိင်မည်ဟုလည်း ဦးတင်အေးက ဖြေကြားသည်။
by စိုးသန်းလင်း