ရိုဟင်ဂျာဒုက္ခသည်အရေးမှာ ဆင်ခြေပေး၍ မရသောကိစ္စဖြစ်သည်ဟု အမေရိကန်ဒုသမ္မတပြောကြား

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေရှ့်ဘက်ကို ဒုက္ခသည်ခုနစ်သိန်းကျော် ထွက်ပြေးစေခဲ့တဲ့ အကြမ်းဖက်မှုဟာ ဆင်ခြေပေးလို့မရတဲ့ကိစ္စ ဖြစ်တယ်လို့ အမေရိကန်ဒုတိယသမ္မက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပြောကြားလိုက်ပါတယ်။

စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်လာတဲ့ မိုက်ခ်ပန့်စ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နိုဝင်ဘာ ၁၄ ရက်နေ့က တွေ့ဆုံရာမှာ မိုက်ခ်ပန့်စ်က ပြောကြားတာဖြစ်ပါတယ်။

ဒါ့အပြင် ထောင်ချခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ကိုလည်း မိုက်ခ်ပန့်စ်က ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်မှုကို ငြင်းဆိုခံထားရတဲ့ ရိုဟင်ဂျာမူဆလင်တွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာပြောဆိုမှုမရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာရဲ့ ဝေဖန်ပြောဆိုမှုနဲ့ ဖိအားပေးမှုတွေကို ခံနေရပါတယ်။

ယခုရက်သတ္တပတ်ထဲမှာပဲ နိုင်ငံတကာလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Amnesty International) က အမြင့်ဆုံးဂုဏ်ပြုဆုကို ပြန်လည်ရုပ်သိမ်းသွားခဲ့သလို အာဆီယံအစည်းအဝေးမှာလည်း မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြင်းပြင်းထန်ထန် ပြောဆိုထားပါသေးတယ်။

ရိုဟင်ဂျာတွေအပေါ် “အကြမ်းဖက်မှုနဲ့ နှိပ်စက်ညှင်းပန်းမှု” ကို ပန့်စ်က ပြစ်တင်ပြောဆိုလိုက်ပြီး “ဆင်ခြေပေးလို့မရတဲ့ကိစ္စ” လို့ ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဖမ်းဆီးခံခဲ့ရပြီးနောက် ထောင်ဒဏ်ခုနစ်နှစ်စီ ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သူ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့အတွက်လည်း အမေရိကန်ဒုသမ္မတက ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းခဲ့ပါသေးတယ်။

အဲဒီအမှုကြောင့် အမေရိကန်အနေနဲ့ အလွန်အမင်း စိတ်နှောက်အယှက်ဖြစ်ရတယ်လို့ ပန့်စ်က ပြောကြားပြီး အမေရိကန်အနေနဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေအပေါ် တန်ဖိုးထားတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ပန့်စ်ရဲ့ ပြောကြားမှုတွေကို ပယ်ချခဲ့ပါတယ်။

“ကျွန်မတို့ နိုင်ငံအကြောင်းကို တခြားနိုင်ငံတွေထက် ကျွန်မတို့ကပဲ ပိုပြီး ကောင်းကောင်းနားလည်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က တုန့်ပြန်ခဲ့ပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar