ရာသီတုပ်ကွေးကြောင့် သေဆုံးမှုနှုန်း တန့်နေဟု ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၃၁

ပြီးခဲ့သည့် ရက်သတ္တပတ်က စတင်ဖြစ်ပွားခဲ့သည့် ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) pdm 09 ကြောင့် သေဆုံးသူ ၁၀ ဦးရှိခဲ့ပြီး သေဆုံးမှုနှုန်းမှာ တန့်နေသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင် ၃၀ ရက်နေ့ညတွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါရောဂါဖြစ်ပွားမှုအား ပြီးခဲ့သည့် ၁၉ ရက်နေ့တွင် စတင်အတည်ပြုနိုင်ခဲ့ပြီးနာက် ရန်ကုန်နှင့် နေပြည်တော်တို့တွင် ရောဂါဖြစ်ပွားသူများအား တွေ့ရှိခဲ့သလို သေဆုံးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရရှိသော ရောဂါဖြစ်ပွားမှု အချက်အလက်များအရ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ ၁၈၂ ဦးရှိခဲ့ပြီး ၎င်းတို့အနက် Seasonal Influenza A(H1N1) pdm 09 Positive လူနာ စုစုပေါင်း ၅၁ ဦး၊ သေဆုံးသူ ၁၀ ဦးရှိသောကြောင့် လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံ တက်ရောက် ကုသသူ လူနာများ၏သေဆုံးမှုနှုန်းမှာ ၅ ဒသမ ၄၉ ရာခိုင်နှုန်းရှိနေပါသည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇူလိုင် ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ရရှိသည့် စာရင်းများအရ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ငါးဦး၊ အထူးကု ဆေးရုံ (ဝေဘာဂီ) ၌ သုံးဦးနှင့် ခုတင် (၁၀၀၀) ပြည်သူ့ ဆေးရုံကြီး၊ နေပြည်တော်၌ တစ်ဦးတို့မှာ Seasonal Influenza A(H1N1) pdm 09 အတည်ပြု အတွင်းလူနာအဖြစ် တက်ရောက်လျက်ရှိသည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။

ရာသီတုပ်ကွေးရောဂါနှင့် ပတ်သက်သည့် သတင်းများကို ထိန်းချန်ထားခြင်းမရှိဘဲ သတင်းအမှန်များကို ထုတ်ပြန်ပေးလျက်ရှိသည်ဟု ဇူလိုင် ၃၀ ရက်နေ့က ကျင်းပသည့် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲကလည်း တစ်နိုင်ငံလုံးရှိ ဆေးရုံကြီးများ၌ ရာသီတုပ်ကွေးရောဂါ သံသယဖြင့် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ယနေ့အထိ ဆေးရုံတက်ရောက်သူများစာရင်း အတိအကျကို စုဆောင်းလျက်ရှိပြီး ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်မှု ရှုထောင့်မှ သုံးသပ်လျက်ရှိကာ ယခုဖြစ်ပေါ်လျက်ရှိသော ရာသီတုပ်ကွေး ရောဂါ၏ ဖြစ်ပွားမှု အတိမ်အနက်နှင့် ရှေ့အလားအလာကို ခန့်မှန်း၍ လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်လျက် ရှိသည်ဟု ဖော်ပြထားသည်။

အဆိုပါ တုပ်ကွေးရောဂါအား တိုက်ဖျက်နိုင်ရန်အတွက် အကူအညီများ ပေးအပ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံမှ အကူအညီ တောင်းခံထားသည်ဟုလည်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က အေအက်ဖ်ပီကို ပြောကြားထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar