ရန်‌ကုန်‌ဘူတာကြီး‌ မီးရထားဝန်ထမ်းအိမ်ရာမီး လိုင်းခန်း ၂၀ ခန့် လောင်ကျွမ်း

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ရန်ကုန်ဘူတာကြီးအနီးရှိ မီးရထားဝန်ထမ်းအိမ်ရာတွင် ယနေ့ည ၁၀ နာရီ ၁၅ မိနစ်အချိန်က မီးလောင်ကျွမ်းခဲ့ပြီး မိနစ်ပိုင်းအတွင်းကို မီးထိန်းနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးကို ည ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် ထိန်းနိုင်ကာ ည ၁၀ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်ဟု မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

လိုင်းခန်း ၂၀ ခန့် မီးလောင်ကျွမ်းခဲ့ပြီး မီး‌လောင်‌ကျွမ်‌းရသည်‌့ အ‌ကြောင်‌းရင်းကို စုံစမ်‌းစစ်ဆေး‌နေဆဲဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်ရာသို့ လူနာတင်ကားအများအပြား သွားရောက်သည်ကို တွေ့ရှိရသည်ဟု မျက်မြင်သက်သေများက ပြောကြားသော်လည်း မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု ရှိမရှိအခြေအနေကို မသိရှိရသေးပေ။

ဘူတာကြီးနှင့် ကိုက်အနည်းငယ်သာ ကွာဝေးသည့်နေရာတွင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သော်လည်း မနက်ဖြန်အတွက် မီးရထားခရီးစဉ်များအား ပြောင်းလဲမှု ကြီးကြီးမားမား ရှိမည်မဟုတ်ဟု ရန်ကုန်ဘူတာကြီးမှ ပြောရေးဆိုခွင့်ရှိသူများက ပြောကြားသည်။

အဆိုပါမီး‌လောင်‌မှုသည်‌ ရန်‌ကုန်‌မြို့တွင်‌း အချက်‌အချာကျသည်‌့‌နေရာများတွင်‌ တစ်‌ရက်အတွင်‌း ဒုတိယအကြိမ်‌‌ လောင်‌ကျွမ်‌းမှုဖြစ်‌သည်။

ယ‌နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ကလည်း ရန်ကုန်မြို့လယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ ဆောက်လက်စ Junction City အဆောက်အအုံတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ မိနစ်ပိုင်းမ ျှသာ ကြာမြင့်သည့် အဆိုပါမီးလောင်မှုကြောင့် ကျပ် ၁၂ သိန်းခန့် ဆုံးရှုံးခဲ့ရသော်လည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိဟု အဆိုပါအဆောက်အအုံကို တည်ဆောက်နေသည့် ရွှေတောင်အုပ်စုက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရန်ကုန်မြို့လယ် ဝန်ကြီးများရုံးအနီးနှင့် မြန်မာပလာဇာအနီးတို့လည်း ကားမီးလောင်မှုများ ဖြစ်ပွားခဲ့သေးသည်။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar