ရန်ကုန်-ရှီးအန်းခရီးစဉ်သစ်ကို Sichuan Air စတင်ပြေးဆွဲ

ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ၊ အရှေ့မြောက်ပိုင်း ရှီးအန်းမြို့တို့အား ဆက်သွယ်ပေးမယ့် ခရီးစဉ်ကို တရုတ် ရှီးအန်းလေကြောင်းလိုင်း (Sichuan Air) က နိုဝင်ဘာ ၁၃ ရက်နေ့မှာ စတင်လိုက်ပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလက မန္တလေး-ကူမင်းခရီးစဉ်ကို စတင်ပြေးဆွဲခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကို ဒုတိယမြောက် တိုးချဲ့လိုက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

“ရန်ကုန်-ဟန်ကျိုး ခရီးစဉ်သစ်တွေကိုလည်း ဒီနှစ် ဒီဇင်ဘာလမှာ စတင်ပြေးဆွဲသွားတော့မှာဖြစ်ပါတယ်” လို့ လေကြောင်းလိုင်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ချုပ်ဖြစ်သူ မစ္စတာဟူဝေက ပြောပါတယ်။

ဒီလေကြောင်းလိုင်းဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆင်းသက်တဲ့ ၃၁ ခုမြောက် နိုင်ငံတကာ လေကြောင်းလိုင်းလဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကုန်ပိုင်းကလည်း ရန်ကုန်-ကွမ်ကျိုးခရီးစဉ်သစ်ကို တရုတ်နိုင်ငံက စရိတ်နည်းလေကြောင်းလိုင်း တစ်ခုဖြစ်တဲ့ 9Air က စတင်ပြေးဆွဲခဲ့ပါတယ်။

“Sichuan Air က မြန်မာနိုင်ငံရဲ့ အချက်အချာဖြစ်တဲ့ ရန်ကုန်မြို့နဲ့ တရုတ်နိုင်ငံ အနောက်မြောက်ဒေသမှာ အကြီးဆုံးဖြစ်ပြီး တရုတ်နိုင်ငံသမိုင်းမှာ ထင်ရှားကျော်ကြားတဲ့ ရှေးဟောင်းမြို့တစ်ခုဖြစ်တဲ့ ရှီးအန်းနဲ့ ထပ်မံဆက်သွယ်ပေးလိုက်ပြန်ပါပြီ” လို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စီမံခန့်ခွဲနေသည့် Yangon Aerodrome Company Limited (YACL) ၏ အမှုဆောင်အရာရှိချုပ် Jose Angeja က ပြောပါတယ်။

ဒါဟာ ခရီးသွားလုပ်ငန်းအပါအဝင် အခြားကဏ္ဍတွေအတွက်ပါ တိုးတက်လာစေဖို့ အခွင့်အလန်းဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ယခုနှစ် ဇန်နဝါရီကနေ စက်တင်ဘာအထိ ဗီဇာနဲ့လာတဲ့ တရုတ်ခရီးသွား နှစ်သိန်းနီးပါး ရှိခဲ့ပါတယ်။ ဒါဟာပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ၃၃ ရာခိုင်နှုန်း တိုးတက်လာတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ အဓိကလေကြောင်းလိုင်းများအနက် ပဉ္စမနေရာမှာ ရပ်တည်နေတဲ့ Sichuan Air ကို ၁၉၈၆ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး လက်ရှိအချိန်မှာ လေယာဉ်အစီး ၁၄၀ နဲ့ ပြည်တွင်း၊ ပြည်ပခရီးစဉ် ၂၄၀ ကျော်ကို ပျံသန်းပြေးဆွဲနေတယ်လို့ သိရပါတယ်။

ရန်ကုန်-ရှီးအန်းခရီးစဉ်ကို ခရီးသည် ၁၆၃ ဦး တင်ဆောင်နိုင်တဲ့ Airbus A320 အမျိုးအစား လေယာဉ်နဲ့ ပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။ လက်မှတ်ဈေးတွေကတော့ ရန်ကုန်-ရှီးအန်းအတွက် အမေရိကန်ဒေါ်လာ ၁၂၀ နဲ့ အသွားအပြန်အတွက် ဒေါ်လာ ၁၇၀ ကနေ စတင်ကျသင့်မယ်လို့ ဆိုပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar