ရန်ကုန်-ရှန်ဟိုင်း တိုက်ရိုက်လေကြောင်းခရီးစဉ် စတင်ပြေးဆွဲ

ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တို့အကြား တိုက်ရိုက်လေကြောင်းခရီးစဉ်ကို ဇွန် ၁၉ ရက်နေ့က စတင်ပြီး China Eastern Airlines က စတင်ပြေးဆွဲနေပြီဖြစ်သည်။

တရုတ်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ရှန်ဟိုင်းနှင့် ရန်ကုန်မြို့အကြား ပျံသန်းပြေးဆွဲချိန် လေးနာရီ မိနစ် ၅၀ ခန့်ကြာမြင့်မည်ဖြစ်ကာ တစ်ပတ်လျှင် သုံးကြိမ်ပြေးဆွဲသွားမည်ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲနေသည့် Yangon Aerodrome Co., Ltd. က ကြေညာသည်။ ခရီးစဉ်အတွက် Airbus A320 လေယာဉ်အမျိုးအစားကို အသုံးပြုမည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံမှ လေကြောင်းလိုင်းတစ်ခုဖြစ်သည့် China Eastern Airlines အတွက် ရန်ကုန်-ရှန်ဟိုင်းခရီးစဉ်သည် ရန်ကုန်နှင့် တရုတ်မြို့ကြီးများအကြား တိုက်ရိုက်ချိတ်ဆက်ပြေးဆွဲသည့် ကိုးခုမြောက် ခရီးစဉ်လည်းဖြစ်သည်။ ထို့ကြောင့် ရန်ကုန်နှင့် တရုတ်မြို့ကြီးများအား တိုက်ရိုက်ပြေးဆွဲပေးနေသည့် တရုတ်လေကြောင်းလိုင်းများတွင် ခရီးစဉ်အများဆုံးပြေးဆွဲသည့် လေကြောင်းလိုင်းလည်းဖြစ်လာသည်။

China Eastern Airlines အနေဖြင့် ၂၀၁၉ ခုနှစ်တွင် မြန်မာနှင့် တရုတ်နိုင်ငံအကြား ခရီးသည် ၃၆၀,၀၀၀ ခန့်အထိ သယ်ယူပို့ဆောင်ပေးသွားရန် ရည်ရွယ်ထားကြောင်း လေကြောင်းလိုင်းက ပြောကြားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.