ရန်ကုန်-ချန်ဒူး ခရီးစဉ်သစ်ကို ရှီးအန်းလေကြောင်းလိုင်း စတင်ပြေးဆွဲ

တရုတ်နိုင်ငံ မြို့ကြီးအချို့နှင့် ရန်ကုန်အပြည်ပြည်ရာလေဆိပ်တို့အကြား ခရီးစဉ်များ ပျံသန်းပြေးဆွဲနေသည့် တရုတ် ရှီးအန်းလေကြောင်းလိုင်း (Sichuan Airlines) က ရန်ကုန်-ချန်ဒူးခရီးစဉ်သစ်ကို မတ် ၂၈ ရက်နေ့က စတင်ပြေးဆွဲနေပြီဖြစ်သည်။

ယခုခရီးစဉ်သည် ရှီးအန်းလေကြောင်းလိုင်းအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြေးဆွဲပျံသန်းသည့် တတိယမြောက်ခရီးစဉ်ဖြစ်ကာ အပတ်စဉ် တနင်္လာနှင့် ကြာသပတေးနေ့များတွင် ပြေးဆွဲပေးသွားမည်ဖြစ်သည်။

အဆိုပါလေကြောင်းလိုင်းသည် ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ၊ အရှေ့မြောက်ပိုင်း ရှီးအန်းမြို့တို့အား ဆက်သွယ်ပေးသည့် ခရီးစဉ်ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက စတင်ပြေးဆွဲခဲ့သည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက မန္တလေး-ကူမင်းခရီးစဉ်ကို စတင်ပြေးဆွဲခဲ့ပြီးနောက် ရန်ကုန်မြို့အထိ တိုးချဲ့ပြေးဆွဲခဲ့ခြင်းလည်း ဖြစ်သည်။ ထို့ပြင် ရန်ကုန်-ဟန်ကျိုးခရီးစဉ်ကိုလည်း ဒီဇင်ဘာလက တိုးချဲ့ပြေးဆွဲခဲ့သည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းများအရ ပြီးခဲ့သည့်နှစ် ဇန်နဝါရီကနေ စက်တင်ဘာအထိ ဗီဇာဖြင့်လာသည့် တရုတ်ခရီးသွား နှစ်သိန်းနီးပါးရှိခဲ့ပြီး ထိုမတိုင်မီနှစ်နှင့် နှိုင်းယှဉ်ပါက ၃၃ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ အဓိကလေကြောင်းလိုင်းများအနက် ပဉ္စမနေရာတွင် ရပ်တည်နေသည့် ရှီးအန်းလေကြောင်းလိုင်းကို ၁၉၈၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး လက်ရှိအချိန်၌ လေယာဉ်အစီး ၁၄၀ ဖြင့်  ပြည်တွင်း၊ ပြည်ပခရီးစဉ် ၂၄၀ ကျော်ကို ပျံသန်းပြေးဆွဲနေသည်။

ရန်ကုန်-ချန်ဒူးခရီးစဉ်သစ်ကို ခရီးသည် ၁၈၉ ဦးလိုက်ပါနိုင်သည့် A 321-211A အမျိုးအစားလေယာဉ် အသုံးပြုပြေးဆွဲသွားမည်ဟု သိရသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.