ရန်ကုန်၌ ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ကျင်းပမည်

ရန်ကုန်မြို့ကို အာရှတိုက်၏ ရင်းနှီးမြှုပ်နှံမှု ဗဟိုအချက်အချာနေရာ တစ်ခုဖြစ်လာစေရန် ကြိုးပမ်း အားထုတ်သည့်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က Yangon Investment Forum 2018 (YIF 2018) ကို ကျင်းပသွားမည်ဟု ကြေညာသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (YRIC) နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) တို့ ကြီးမှူးကျင်းပသည့် ထိုဖိုရမ်သို့ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူ ၅၀၀ ကျော် တက်ရောက်ရန် မျှော်မှန်းထားသည်ဟုလည်း ဆိုသည်။

“ရန်ကုန်မြို့ဟာ အရှေ့တောင်အာရှရဲ့ အချက်အချာနေရာတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၊ အရှေ့တောင်အာရှ၊ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ ကြီးမားတဲ့ ဈေးကွက်ရရှိနိုင်မှုအပေါ် ရင်းနှီးမြှုပ်နှံပြီး အကျိုးအမြတ်ရယူချင်တဲ့ ရင်းနှီးမြှုပ်နှံသူများအနေနဲ့ ၎င်းနိုင်ငံများနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြုှပ်နှံမှု စီးပွားရေးအခွင့်အလမ်းကို သိရှိဖို့လိုပါတယ်။ ရန်ကုန်မြို့ဟာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့အတွက် အသင့်တော်ဆုံးနေရာတစ်ခု ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အဆိုပါဖိုရမ်ကို ရန်ကုန်မြို့ Novotel Yangon Max Hotel ၌ မေ ၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။ 

“ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံထဲမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့အတွက် အခြေခံအဆောက်အအုံတွေ အပြည့်စုံဆုံး၊ အခြားမြို့တွေနဲ့ ချိတ်ဆက်မှု အရှိဆုံး၊ စီးပွားရေးလုပ်လို့ အကောင်းဆုံးမြို့တစ်မြို့ ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်က ရင်းနှီးမြှုပ်နှံသူများအတွက် ရန်ကုန်တိုင်းဒေသကြီးဟာ အခွင့်အလမ်းကောင်းတွေနဲ့ စောင့်ကြိုလျက် ရှိပါတယ်။ အရေးအကြီးဆုံးက ကျွန်တော်တို့ဟာ ရန်ကုန်မြို့ကို စီးပွားရေး လုပ်ကိုင်လို့ကောင်းတဲ့ အကောင်းဆုံးနေရာတစ်ခုဖြစ်အောင် ဖန်တီးဖို့ ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်” ဟုလည်း ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ ကိန်းဂဏန်းများအရ ရန်ကုန်တိုင်းဒေသကြီးသည် ၁၉၉၄-၉၅ ဘဏ္ဍာနှစ်မှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၅၈၅ ခုဖြင့် မတည် ရင်နှီးမြှုပ်နှံမှုပမာဏ ကျပ် ၆၉၉၀ ဒသမ ၂၁၃၄ ဘီလျံနှင့် ၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အထိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၈၄၅ ခုဖြင့် မတည်ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၂၇၆ ဘီလျံ ရရှိထားသည်ဟုဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၌ စက်မှုဇုန် ၃၀ ခုနှင့် သီလဝါအထူးစီးပွားရေးဇုန်တို့ တည်ရှိပြီး အကြီးဆုံး စက်မှုဇုန်သည် လှိုင်သာယာမြို့နယ်၌ တည်ရှိသည်။

ဖိုရမ်သို့ တက်ရောက်ရန်အတွက် စာရင်းပေးသွင်းလိုသူများနှင့် အသေးစိတ် အချက်အလက်များကို www.yangoninvestmentforum.com ၌ ဝင်ရောက်ကြည့်ရှုနိုင်သည်။

 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.