ရန်ကုန်မြို့အား အနာဂတ်တွင် နိုင်ငံတကာအနုပညာနှင့် ယဉ်ကျေးမှုအချက်အချာ မြို့တစ်မြို့ ဖြစ်လာစေရေးအတွက် ရည်ရွယ်ကာ လုပ်ငန်းစီမံချက် ၂၄ ခုကို ဆောင်ရွက်ရန် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust) က အကြံပြုလိုက်သည်။
အဖွဲ့က စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည့် ရန်ကုန်မြို့ပြအမွေအနှစ် မဟာဗျူဟာတွင် မြို့ပြအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိမ်းလမ်းနယ်မြေများ တိုးချဲ့ရေးမှသည် ရန်ကုန်မြို့လယ်ရှိ လမ်းစနစ်များကို အဆင့်မြှင့်တင်ရေးအထိ ပါဝင်သော မေ ျှာ်မှန်းချက်နှင့် နည်းဗျူဟာများကို ဖော်ပြထားသည်။
“အခုလို ရန်ကုန်မြို့အတွက် အရေးပါတဲ့အချိန်မှာ ရန်ကုန်မြို့ပြအမွေအနှစ် မဟာဗျျူဟာဟာ အများပြည်သူတွေ ဆွေးနွေးကြဖို့အတွက် အရေးကြီးတဲ့ အထောက်အပံ့ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု YHT ၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသန့်မြင့်ဦးက ပြောသည်။ “ဒါဟာ မြို့ပြ ပင်မမံကိန်းတစ်ခု မဟုတ်ပါဘူး၊ ပင်မစီမံကိန်းဆိုတာ အစိုးရက ဆောင်ရွက်ရမှာပါ။ ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင် ပြည်တွင်း၊ ပြည်ပက ပညာရှင်တွေ၊ အစိုးရ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ရန်ကုန်မြို့မှာ နေထိုင်လုပ်ကိုင်နေကြတဲ့ သာမန်မြို့ခံတွေနဲ့ ဆွေးနွေးမှုတွေကနေ ရရှိလာတဲ့ ကျွန်တော်တို့ရဲ့ စိတ်ကူးနဲ့ အကြံဉာဏ်တွေကို ဒီမဟာဗျူဟာမှာ စုစည်းတင်ပြထားတာပါ။ အစိုးရအတွက်လည်း အကျိုးရှိပြီး အများပြည်သူတွေ ဆွေးနွေးညှိနှိုင်းတဲ့အခါမှာ အထောက်အပံ့ဖြစ်စေဖို့ မေ ျှာ်မှန်းပါတယ်” ဟု ၎င်းကပြောကြားသည်။
အဆိုပါမဟာဗျူဟာတွင် မြို့ကြီးများ၏ အရေးပါမှု၊ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကောင်းမွန်သော မြို့ပြစီမံကိန်းရှိခြင်း၏ အရေးပါမှုများကို နောက်ခံအဖြစ် ဖော်ပြထားကာ လက်ရှိရရှိနိုင်သော အခွင့်အရေးများကို နှိုင်းယှဉ်ဖော်ပြထားသည်။ ထို့ပြင် ရန်ကုန်မြို့အား ယဉ်ကျေးမှုရေးရာ၊ လူမှုရေးရာနှင့် နိုင်ငံရေးဘောင်များအတွင်းရှိ မေ ျှာ်မှန်းချက်ကို အောင်မြင်စေနိုင်ရန်အတွက် YHT ၏ အကြံပြုချက်များကို ဖော်ပြထားပြီး ရန်ကုန်မြို့အား နေထိုင်အလုပ်လုပ်ကိုင်ရန် ကောင်းမွန်သော နေရာတစ်ခုဖြစ်စေရန် ဆွေးနွေးမှုများ စတင်နိုင်စေမည့် အဓိကအချက်များကိုလည်း ဖော်ပြထားသည်။
ရန်ကုန်မြို့၏ အနာဂတ်ကို လက်တွေ့ဖြစ်လာစေရေးအတွက် ပုံစံရေးဆွဲထားပြီး ကာလတိုအတွင်း အောင်မြင်နိုင်ရန် ချက်ချင်းဆောင်ရွက်နိုင်မည့် စီမံကိန်းများနှင့် ရေရှည်မေ ျှာ်မှန်းထားသည့် ရည်ရွယ်ချက်များကိုလည်း မဟာဗျူဟာတွင် ဖော်ပြထားသည်။
“ရန်ကုန်မြို့ကို ပုံသွင်းဖို့အတွက် လာမယ့်လပိုင်းအတွင်း ချမှတ်ရမယ့် ဆုံးဖြတ်ချက်တွေဟာ ကျန်တဲ့ ၂၁ရာစုကုန်အထိ သက်ရောက်မှုတွေ ရှိနေမှာပါ။ ရန်ကုန်မြို့ကို ဒေသတွင်းမှာ အရေးပါတဲ့ မြို့တစ်မြို့ ဖြစ်လာအောင် အသစ်နဲ့ အဟောင်း မှန်ကန်စွာ ရောယှက်နိုင်ရမယ်၊ မြို့ကို ခေတ်မီစေပြီး တစ်ချိန်တည်းမှာပဲ သူမတူတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကာကွယ်နိုင်ရမယ်။ နေချင်စဖွယ်ဖြစ်အောင် စီမံနိုင်ရပါလိမ့်မယ်။ အနာဂတ် ရင်းနှီးမြှုပ်နှံမှုတွေ၊ ပညာရှင်တွေကို စွဲဆောင်ပြီး ထိန်းသိမ်းထားနိုင်ဖို့ စိတ်ကူးသစ်နဲ့ ဖန်တီးတဲ့ လုပ်ငန်းသစ်တွေရဲ့အချက်အချာအဖြစ် ရန်ကုန်မြို့ကို ဖြစ်လာစေဖို့အတွက် အဓိက သော့ချက်ပဲ ဖြစ်ပါတယ်” ဟု ဒေါက်တာသန့်မြင့်ဦးကပြောသည်။
အင်းယားကန်၏ မြောက် ဘက်မှ ကမ်းနားဧရိ ယာအထိ တိုးချဲ့ထားသည့် သမိုင်းဝင် ရန်ကန်မြို့၏ မျှော်မှန်းချက်၊ မဟာဗျျူဟာနှင့် လုပ်ငန်စီမံချက် ၂၄ ချက် ပါဝင်သည် အဆိုပါမဟာဗျူဟာကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာလုံးဖြင့် www.yhtliveableyangon.org တွင် ရယူနိုင်ကြောင်း သိရသည်။