ရန်ကုန်တွင် လူသတ်မှု ကျူးလွန်ခဲ့သည်ဟု သံသယရှိသူ စကော့တလန်ကျောင်းဆရာကို အင်တာပိုက ရှာဖွေနေ

ရန်ကုန်၊ ဧပြီ ၁၅

ရန်ကုန်မြို့လယ်တွင် လူသတ်မှုကျူးလွန်ကာ ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားသည်ဟု ယူဆထားသည့် စကော့တလန်ကျောင်းဆရာတစ်ဦးကို အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့(အင်တာပို)က အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်လိုက်သည်ဟု ဘီဘီစီက ရေးသားထားသည်။

အဆိုပါသတ်မှတ်ထုတ်ပြန်ချက်မှာ ဖမ်းဆီးရန် ထုတ်ပြန်ခြင်းမဟုတ်ပဲ အလိုရှိနေသူတစ်ဦးနှင့် ပတ်သက်ပြီး နိုင်ငံတကာ သတိပေးချက်ဖြစ်သည်။

သာကေတမြို့နယ်၊ အမှတ် (၈) ရပ်ကွက်ရှိ မြခွာညိုအိမ်ရာတွင် နေထိုင်သော အသက် ၄၇ နှစ်အရွယ် ဗြိတိန်နိုင်ငံသား Mr. Peter Gary Ferguson ၏ ရုပ်အလောင်းကို လူသတ်မှုဖြင့် သံသယဖြစ်ခံနေရသည့် Mr. Harris John Italo Binotti နေထိုင်သော ကျောက်တံတားမြို့နယ်၊ အမှတ် (၈)ရပ်ကွက် ၃၉ လမ်း (အလယ်ဘလောက်)ရှိ တိုက်ခန်းတွင် ဒဏ်ရာများဖြင့် ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အခင်းမဖြစ်ပွားမီ နိုဝင်ဘာ ၄ ရက်နေ့ညက ၎င်းတို့နှစ်ဦးသည် ပါတီပွဲတစ်ခုတွင် အတူတကွ သောက်စားခဲ့ကြပြီးနောက် ၃၉ လမ်းရှိ တိုက်ခန်းသို့ သေဆုံးသူက လိုက်ပါသွားခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

၎င်းတို့နှစ်ဦးလုံးမှာ ရန်ကုန်မြို့ရှိ Horizon International School မှ ကျောင်းဆရာများဖြစ်ကြသည်။

လူသတ်မှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က အလိုရှိနေသည့် အသက် ၂၅ နှစ်ရှိ Mr. Harris John Italo Binotti သည် နိုဝင်ဘာ ၅ ရက်နေ့၊ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ လေကြောင်းလိုင်းတစ်ခုဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း ကနဦးစုံစမ်းစစ်ဆေးမှုများကို အခြေခံပြီး ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

ထို့နောက် Harris Binotti အား ရှာဖွေရေးအတွက် အင်တာပိုနှင့် ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီးနောက် အင်တာပိုက ယခုကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

အလိုရှိနေသည့် Harris Binotti အား အနီရောင်သတိပေးချက်တွင် ထည့်သွင်းခဲ့သည့်အတွက် ၎င်းတို့ မိသားစုအနေဖြင့် စိတ်သက်သာရာ ရမိသည်ဟု မစ္စတာ Ferguson ၏ အကိုဖြစ်သူက ပြောကြားသည်ဟု ဘီဘီစိက ရေးသားထားသည်။

ဗြိတိန်နိုင်ငံခြားရေးရုံးကလည်း အမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများအတွက် တာဝန်ရှိသည့် မြန်မာအာဏာပိုင်များ ဆက်သွယ်ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar