ရန်ကုန်စတော့အိတ်ချိန်းတွင် အက်ဖ်အမ်အိုင်၏ အစုရှယ်ယာများ စတင်ရောင်းချတော့မည်

ရန်ကုန်စတော့အိတ်ချိန်း၏ အတွင်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ- အေအက်ဖ်ပီ

ရန်ကုန်စတော့အိတ်ချိန်း၏ အတွင်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ- အေအက်ဖ်ပီ

ရန်ကုန်၊ မတ် ၂၃

ရန်ကုန်စတော့အိပ်ချိန်း (YSX)  တွင် First Myanmar Investment Co., Ltd. (အက်ဖ်အမ်အိုင်) ၏ အစုရှယ်ယာများအား စာရင်းတင်သွင်းရန် အတည်ပြုချက်ရရှိပြီးဖြစ်သဖြင့် မတ် ၂၅ ရက်နေ့ ဈေးကွက် စတင်ဖွင့်လှစ်ချိန်တွင် အစုရှယ်ယာ အရောင်းအဝယ်လုပ်ငန်း စတင်ဆောင်ရွက်သွားမည်ဟု အက်ဖ်အမ်အိုင်က သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းတင်သွင်းရန် အတည်ပြုချက်အား ပထမဆုံး လက်ခံရရှိသော ကုမ္ပဏီဖြစ်ရခြင်းအတွက် အက်ဖ်အမ်အိုင်အနေဖြင့် ဂုဏ်ယူပါကြောင်း၊ ဤသို့ပထမဦးဆုံး စာရင်းတင်သွင်းခွင့်ရရှိမှုသည် ၎င်းတို့အတွက် အလွန်အရေးပါသည့် အောင်မြင်မှုနှင့် သမိုင်းဝင် ဖြစ်ရပ်တစ်ခုဖြစ်ပါကြောင်း၊ YSX တွင် စာရင်းတင်သွင်းမှုရရှိခြင်းက ၎င်းတို့၏ ရင်းနှီးမြှုပ်နှံသူ အစုရှယ်ယာရှင်များအား ငွေပေါ်လွယ်မှု ပိုမိုကောင်းမွန်စေရန် အခွင့်အရေးတစ်ရပ် ရရှိစေပါကြောင်း၊ တစ်ချိန်တည်းမှာပင် တိုးတက်ရရှိပြီးဖြစ်သည့် ဈေးကွက်အသိအမှတ်ပြုမှုနှင့် ရင်းနှီးမြှုပ်နံှမှု အခွင့်အလမ်းကိုလည်း ပိုမို ရရှိစေပါကြောင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နံှမှုဈေးကွက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေခြင်းကြောင့် ဂုဏ်ယူမိကြောင်း အက်ဖ်အမ်အိုင်ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ ဦးသိမ်းဝေ (ခေါ်) ဆာ့ချ်ပန်းက ပြောကြားသည်။

ရန်ကုန်စတော့ဈေးကွက် စတင်ဖွင့်လှစ်ချိန်တွင် လိုင်စင်ရ ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေးကုမ္ပဏီတစ်ခုတွင် စာရင်းဖွင့်လှစ်ထားသူများသည် အစုရှယ်ယာများး စတင်ရောင်းဝယ်နိုင်မည် ဖြစ်သည်။ ငွေချေး သက်သေခံလက်မှတ် စာရင်းဖွင့်လှစ်ရခြင်း မရှိသေးသူများအနေဖြင့် အစုရှယ်ယာရောင်းဝယ်ခြင်း မပြုလုပ်မီ ငွေချေးသက်သေခံလက်မှတ် စာရင်းတစ်ခု ဖွင့်လှစ်ထားရမည် ဖြစ်သည်။

အက်ဖ်အမ်အိုင်ကို ၁၉၉၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး အများပိုင်ကုမ္ပဏီအဖြစ် စတင် တည်ထောင်ခဲ့ကာ ငွေကြေးဝန်ဆောင်မှုများ၊ အိမ်ခြံမြေလုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှတ်နှံ လုပ်ကိုင်နေသည်။ လက်ရှိအချိန်တွင် ရှယ်ယာရှင် ၆,၇၀၀ ရှိသည်ဟု ကုမ္ပဏီက ပြောကြားသည်။

ရှယ်ယာများ စတင်ရောင်းဝယ်ခွင့်ရရှိရန် ပထမပုဂ္ဂလိကဘဏ်၊ Great Hor Kham Public Company၊ မြန်မာလယ်ယာထွက်ကုန်အများပိုင် ကုမ္ပဏီ (MAPCO)၊ မြန်မာနိုင်ငံသားများဘဏ်နှင့် Myanmar Thilawa SEZ Holding Company တို့လည်း ခွင့်ပြုချက် စောင့်ဆိုင်းနေကြဆဲဖြစ်သည်။

သတင်း- Frontier 

More stories

Related stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.