ရခိုင်အရေးတွင် ဥပဒေအရ မ ျှမ ျှတတလုပ်ဆောင်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ရခိုင်ပြည်နယ်အရေး ကိုင်တွယ်မှုများနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ခံနေရသည့် မြန်မာနိုင်ငံ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မူဆလင်ရိုဟင်ဂျာများအပေါ် မတရားပြုကျင့်မှုများ ရှိနေသည်ဟူသည့် စွပ်စွဲချက်များကို အာဏာပိုင်များ စစ်ဆေးနေသည်ဟု ပြောကြားလိုက်သည်။

တပ်မတော်က နှိပ်စက်ညှင်းပန်းမှုများ ရှိနေသည်ဟူသည် စွပ်စွဲပြောဆိုမှုများနှင့် ပတ်သက်ပြီး အစိုးရက ဖုံးကွယ်ထားရန် ကြိုးပမ်းမည်မဟုတ်ပဲ တရားဥပဒေအရ သေချာစွာ စုံစမ်းစစ်ဆေးသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံခရီးစဉ်အတွင်း ကတိပြု ပြောကြားလိုက်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် ပြဿနာများတွင် စစ်သားများက မုဒိန်းကျင့်ခြင်း၊ လုယက်ခြင်းများနှင့် မီးရှို့ခြင်းများကို ကျူးလွန်ခဲ့ကြသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောကြားနေကြသည်။ အဆိုပါကိစ္စသည် ခြောက်လသက်တမ်းရှိနေပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအတွက် အကြီးမားဆုံးသော စိန်ခေါ်မှုကြီး ဖြစ်နေသည်။

“ဘယ်အဖွဲ့အစည်း၊ အုပ်စုတစ်ခုခုကိုမှ ကျွန်မတို့ စွပ်စွဲမှု မလုပ်သေးပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့ သက်သေခံ လုံလုံလောက်လောက် မရရှိသေးလို့ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ကျွန်မတို့ သက်သေတွေ စုဆောင်းပြီးတာနဲ့ အားလုံးကို အများပြည်သူထံ ထုတ်ပြန်မှာ ဖြစ်ပါတယ်။ ဒါတွေအားလုံးကိုလည်း ဥပဒေအတိုင်းပဲ ဖြစ်စေရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

“မနေ့က (နိုဝင်ဘာ ၃ ရက်နေ့) ရဲစခန်းတစ်ခုကို တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါသေးတယ်။ ရဲတစ်ဦး သေဆုံးခဲ့ပါတယ်။ အောက်တိုဘာ ၉ ရက်နေ့က တိုက်ခိုက်မှုတွေ စတင်ကတည်းက မူဆလင်တွေလည်း သေဆုံးခဲ့ပါသေးတယ်။

“ကျွန်မတို့ ဒါတွေနဲ့ ပတ်သက်ပြီး ဘယ်ဟာကိုမှ ဖုံးကွယ်ထားခြင်းမရှိပါဘူး။ ဒီကိစ္စရဲ့ အခြေအမြစ်ကို သိရတဲ့အထိ ကျွန်မတို့ကြိုးစားနေပါတယ်” ဟု ၎င်းကပြောကြားသည်။

ဘင်္ဂလားဒေရှ့်နယ်စပ်နှင့် နီးကပ်နေပြီး ရိုဟင်ဂျာအများစု နေထိုင်သည့် အဆိုပါဒေသတွင် တပ်မတော်က လုံခြုံရေးရယူပြီးနောက် လူပေါင်း ၁၅,၀၀၀ ခန့် နေအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု အကူအညီပေးရေးအဖွဲ့များက ပြောကြားသည်။

တိုက်ခိုက်မှုများ စတင်ဖြစ်ပွားချိန်က စတင်ကာ စစ်တပ်က နိုင်ငံတကာလေ့လာသူများ သွားရောက်ခွင့်ကို တားမြစ်ထားသည့် အဆိုပါဒေသသို့ သွားရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာ သံတမန်များက နိုဝင်ဘာ ၄ ရက်နေ့တွင် မီဒီယာများနှင့် တွေ့ဆုံခဲ့သည်။

ပုံမှန်ထောက်ပံ့မှုများ မရရှိကြတော့သည့် ခန့်မှန်းခြေ လူပေါင်း တစ်သိန်းခွဲခန့် နေထိုင်သည့် အဆိုပါဒေသသို့ ကူညီထောက်ပံ့မှုများ ပြန်လည် ခွင့်ပြုပေးရန် အစိုးရက သဘောတူညီခဲ့သည်ဟု ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး Renata Dessallien ကပြောကြားသည်။

“ယခင်က ရှိနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖွံ့ဖြိုးရေးအကူအညီတွေအကုန်လုံး စတင်နိုင်ဖို့ အစိုးရက သဘောတူညီခဲ့ပါတယ်” ဟု ၎င်းက သတင်းထောက်များကို ပြောကြားသည်။

သံတမန်များအနေဖြင့် ၎င်းတို့၏ တွေ့ရှိချက်များကို အစီရင်ခံစာတင်ပြမည်ဟု မေ ျှာ်လင့်ကြောင့်း ဂျပန်နိုင်ငံသို့ ငါးရက်ကြာခရီးစဉ် သွားရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“သူတို့ဆီကနေ ရှင်တို့ကြားသိရရင် အဲဒီမှာ ဘာတွေဖြစ်နေလဲဆိုတာကို မ ျှမ ျှတတတွေးတောလာနိုင်မယ်လို့ ကျွန်မထင်ပါတယ်” ဟု ၎င်းကပြောကြားသည်။

သတင်း-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar