ယခုဘဏ္ဍာနှစ် ပထမခြောက်လတွင် ကုန်သွယ်ရေးလိုငွေ ကျပ် ၃,၁၀၀ ဘီလျံကျော် တိုးလာ

နေပြည်တော်၊ ၁၈ ဒီဇင်ဘာ

ပြည်ထာင်စုလွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ အစီရင်ခံစာအရ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် ပထမခြောက်လတွင် ပို့ကုန်ပမာဏမှာ မူလရည်မှန်းချက်၏ ၁၀၈ ဒသမ ၃ ရာခိုင်နှုန်း၊ သွင်းကုန်မှာ ရည်မှန်းချက်၏ ၁၁၅ ဒသမ ၄ ရာနှုန်းနှင့် ကုန်သွယ်မှုပမာဏမှာ ၁,၁၁၂ ဒသမ ၄ ရာနှုန်းအထိ ရောက်ရှိခဲ့ပြီး ကုန်သွယ်မှုပမာဏမှာ ကျပ်သန်း ၁၆,၁၁၁,၃၃၄ ဒသမ ၆ အထိ ရှိခဲ့သည်ဟု ဖော်ပြထားသည်။

သို့သော် ကုန်သွယ်မှုလိုငွေမှာ ကျပ် ၃,၁၀၀,၅၂၀ ဒသမ ၀ သန်းအထိ ဖြစ်ပေါ်ခဲ့မှုကို ကော်မတီက ထောက်ပြခဲ့သည်။

“ကုန်သွယ်မှုလိုငွေဟာ မနှစ်က အခုလို ကာလရဲ့ လိုငွေထက် ကျပ်ဘီလျံ ၇၀၀ ကျော် ပိုတိုးမြင့်လာတာ တွေ့ရပါတယ်။ ကုန်သွယ်မှုလိုငွေတွေ ဆက်တိုက် မဖြစ်ပေါ်ရေးအတွက် ကုန်သွယ်ရေး မူဝါဒများကို ပြန်လည် စစ်ဆေးသင့်ပါတယ်” ဟု ပြည်ထာင်စုလွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီက ယမန်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ထောက်ပြအကြံပြု တင်ပြခဲ့သည်။

လက်ရှိ ကုန်သွယ်မှု အခြေအနေတွင် ရေနံ၊ သဘာဝဓာတ်ငွေ့၊ သစ်တောထွက်ပစ္စည်းနှင့် သတ္တု သယံဇာတပစ္စည်းတို့က ၆၂ ရာခိုင်နှုန်း ရှိနခြင်းအပေါ်တွင်လည်း လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ဆွေးနွေးခဲ့ကြသည်။

“ပို့ကုန်ရဲ့ ၆၀ ရာခိုင်နှုန်းက နိုင်ငံရဲ့ သယံဇာတတွေကို အားကိုးနေရတဲ့အတွက် ကျွန်တော်တို့ နိုင်ငံမှ သယံဇာတကျိန်စာ မသင့်ရင် ဘယ်နိုင်ငံမှ မသင့်တော့ဘူး” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သာပေါင်းမြို့နယ် ကိုယ်စားလှယ် ဦးဝင်းသန်းက ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သုံးသပ်ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုအစိုးရ၏ ၂၀၁၅-၁၆ ပထမ ခြောက်လပတ် အမျိုးသားစီမံကိန်းအပေါ် ပြည်ထာင်စုလွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ စိစစ်လေ့လာ တွေ့ရှိချက် အစီရင်ခံစာကို ယနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးက အတည်ပြု မှတ်တမ်းတင်ခဲ့သည်။

More stories

Related stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar