မြို့ကြီး ၃၀ ၌ Wireless Broadband Access (4G/LTE) ဝန်ဆောင်မှု ပေးရန် စီစဉ်နေ

လာမယ့်ဧပြီလကစတင်ပြီး မြန်မာနိုင်ငံမြို့ကြီး ၃၀ မှာ Wireless Broadband Access (4G/LTE) ဝန်ဆောင်မှု စတင်ပေးအပ်တော့မယ်လို့ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်တဲ့ Global Technology Group က ကြေညာလိုက်ပါတယ်။

အဲဒီ 4G/LTE ဝန်ဆောင်မှုအသစ်ကို နေပြည်တော်၊ မကွေး၊ ပဲခူး၊ မွန်၊ ကရင်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေက မြို့ကြီး ၃၀ မှာ ဝန်ဆောင်မှုပေးမယ်လို့ နေပြည်တော်မှာ စက်တင်ဘာ ၁၉ နဲ့ ၂၀ ရက်တွေက ကျင်းပတဲ့ ငါးကြိမ်မြောက် Myanmar Connect 2017 မှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

Global Technology Group ရဲ့ Broadband Access (4G/LTE) ဝန်ဆောင်မှုဟာ မြန်မာနိုင်ငံရဲ့ အင်တာနက်အသုံးပြုသူတွေအတွက် ပိုမိုကောင်းမွန်ပြီး လူတိုင်းတတ်နိုင်တဲ့ နိုင်ငံတကာအရည်အသွေးမီ ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုကို  ပေးစွမ်းနိုင်မယ်လို့ Global Technology Group ၏ နည်းပညာအရာရှိချုပ် Mr. Prasert Laosaengpha က ပြောပါတယ်။

“မြန်မာလူငယ်တွေဟာ နောက်ဆုံးပေါ် ဆက်သွယ်မှုနည်းပညာတွေနဲ့ ပိုပြီးယဉ်ပါးလာပြီး မီဒီယာကို အသုံးပြုရာတွင်လည်း အပြောင်းအလဲများရှိလာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ Streaming တွှေလည်း ပိုခေတ်စားလာတဲ့အတွက် ကျွန်တော်တို့ရဲ့ Broadband ဝန်ဆောင်မှု ဝယ်လိုအား ပိုမိုမြင့်တက်လာပါလိမ့်မယ်” လို့လည်း သူက ပြောပါတယ်။

ထို့ပြင် အသုံးပြုသူတွေအတွက် ပိုမိုကောင်းမွန်အောင် ထပ်ဆောင်းဝန်ဆောင်မှုတွေအနေနဲ့  OTT (Over-The-Top) Platforms တွေကိုလည်း ပေးအပ်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

Global Technology Group သည် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံအတွင်း အင်တာနက် ဝန်ဆောင်မှုတွေကို ၂၀၀၂ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ပေးခဲ့ပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.