မြန်မာ့လေတပ်အတွက် ဝယ်ယူထားသည့် JF-17 တိုက်လေယာဉ်ကို စမ်းသပ်ပျံသန်းနေ

တပ်မတော်(လေ) အတွက် တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် JF-17 အမျိုးအစား ဘက်စုံတိုက်ခိုက်ရေး လေယာဉ်အား စမ်းသပ်ပျံသန်းနေသည့် ဓာတ်ပုံများ အင်တာနက်တွင် ပေါ်ထွက်လာသည်ဟု ကာကွယ်ရေးဆိုင်ရာ သတင်းများ ရေးသားသည့် James မဂ္ဂဇင်းဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

တရုပ်နိုင်ငံမှ အွန်လိုင်းဖိုရမ်တစ်ခုတွင် ဇွန် ၁၃ ရက်နေ့က ထွက်ပေါ်လာသည့် အဆိုပါဓာတ်ပုံများတွင် တပ်မတော်(လေ) အမှတ်တံဆိပ်တပ်ဆင်ထားသည့် ထိုင်ခုံတစ်လုံးတပ် JF-17/FC-1 တိုက်လေယာဉ်အား စမ်းသပ်ပျံသန်းနေသည်ကို တွေ့ရှိရသည်ဟု ရေးသားထားသည်။

ထိုသို့ စမ်းသပ်ပျံသန်းမှုကို တရုတ်နိုင်ငံ ချန်ဒူးရှိ Chengdu Aircraft Industry Corporation ၏ လေယာဉ်ကွင်းတွင် ပြုလုပ်ခြင်းဖြစ်နိုင်သည်ဟုလည်း ဆက်လက် ရေးသားထားသည်။

တရုတ်နှင့် ပါကစ္စတန်ပူးပေါင်းထုတ်လုပ်သည့် အဆိုပါလေယာဉ်တစ်စင်း ၁၆ စီးဝယ်ယူရန် မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ်အစောပိုင်းတွင် စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၁၆ သန်း တန်ကြေးရှိသည်ဟု သံတမန်အသိုင်းအဝိုင်းကို ကိုးကားပြီး သတင်းတွင် ရေးသားထားသည်။

ပါကစ္စတန်လေတပ်တွင် အဆိုပါလေယာဉ်အမျိုးအစား အစီး ၈၀ ကျော် အသုံးပြုနေပြီဖြစ်သော်လည်း မြန်မာနိုင်ငံမှာ ပထဆုံးသော ပြည်ပ ဝယ်ယူသူဖြစ်သည်ဟု ယူဆထားကြကာ အဆိုပါလေယာဉ်များကို ယခုနှစ်မကုန်မီ မြန်မာနိုင်ငံသို့ စတင်ပေးပို့တော့မည်ဖြစ်သည်။

တရုတ်နိုင်ငံမှ ၁၉၉၀ ပြည့်နှစ်တွင် ရရှိထားသည့် A-5 မြေပြင်တိုက်ခိုက်ရေးလေယာဉ် ၁၆ စင်းနှင့် F-7 ဂျက်တိုက်လေယာဉ် ၂၄ စင်းနေရာတွင် ယခုလေယာဉ်များဖြင့် မြန်မာ့လေတပ်က အစားထိုးမည်ဖြစ်သည်ဟု အခြားသတင်းတစ်ပုဒ်တွင် ရေးသားထားသည်။

ယခုဝယ်ယူထားသည့် JF-17 ဂျက်တိုက်လေယာဉ်များမှာ Block-II ဗားရှင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ထပ်မံပေါ်ထွက်လာမည့် Block-III ဗားရှင်းများကို ဝယ်ယူရန်လည်း မြန်မာနိုင်ငံက စိတ်ဝင်စားနေသည်ဟုဆိုသည်။

JF-17 လေယာဉ်သစ်များ ရောက်ရှိလာပါက မြန်မာ့လေတပ်တွင် လက်ရှိအသုံးပြုနေသည့် MiG-29 တိုက်လေယာဉ်များနှင့်အတူ ပူးတွဲအသုံးပြုမည်ဖြစ်သည်ဟု အဆိုပါသတင်းတွင် ဆက်လက်ရေးသားထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar