မြန်မာ့ပန်းချီပညာရှင် ၇၂ ဦးရဲ့ လက်ရာပေါင်း ၁၄၀ ကျော် ပြသထားတဲ့ Yangon Art Expo

မြန်မာ့ရိုးရာပန်းချီ အနုပညာမှစပြီး ခေတ်ပြိုင်ပန်းချီအနုပညာများ ပါဝင်သည့် ဖိတ်ခေါ်ထားသော ပန်းချီဆရာ ၇၂ ဦးတို့၏ ပန်းချီအနုပညာလက်ရာပေါင်း ၁၄၄ ခု ကို ခင်းကျင်းပြသထားသည့် Yangon Art Expo 2017 ကို ရန်ကုန်မြို့၊ Junctioln City Tower ၂၁ ထပ်တွင် နိုဝင်ဘာ ၄ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပြသထားမည် ဖြစ်သည်။

“Yangon Art Expo 2017 က အီတလီနိုင်ငံ လူမှုအဖွဲ့အစည်းတွေကြားမှာ မြန်မာနိုင်ငံရဲ့ ခေတ်ပြိုင်အနုပညာရဲ့ အခြေအနေကို ပိုမိုနားလည်မှု ရရှိလာစေဖို့ ရည်ရွယ်ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မတူညီ ကွဲပြားတဲ့ အကြောင်းအရာတွေကို ပန်းချီပညာရှင် ၇၂ ဦးက ပေါင်းစပ် စုစည်းထားတဲ့ ဒီလိုပန်းချီပြပွဲတစ်ခုကို ကျင်းပနိုင်ခဲ့တဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်” ဟု ဦးစီးကျင်းပသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Culture2All ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Mauro က နိုဝင်ဘာ ၄ ရက်နေ့တွင် ကျင်းပသည့် ပြပွဲဖွင့်ပွဲတွင် ပြောကြားသည်။

“ဒီ ပြပွဲကြီးကို တက္ကသိုလ်တွေ ကျောင်းတွေက ကျောင်းသားလူငယ်တွေလည်း လာရောက်ကြည့်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီပန်းချီပြပွဲကြီး ဟာ နှစ် ၆၀ သက်တမ်းရှိတဲ့ ပန်းချီအနုပညာတွေကို တစုတစည်းထဲ ပြသနိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် အသက်အကြီးဆုံး ပန်းချီဆရာကြီးတွေမှစပြီး အသက် အငယ်ဆုံး ပန်းချီပညာရှင်တွေကြား မတူညီ ကွဲပြားမှုတွေကို ရှိနေတဲ့အတွက်ပါ” ဟု ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး Mr. Pier Giorgio Aliberti ကလည်း “ဒီပြပွဲကြီး ဖြစ်ပေါ်လာတာဟာ နှစ်ကာလ အချိန်တစ်ခု ယူခဲ့ရပြီး အချိန်ယူ ပြင်ဆင်လုပ်ဆောင်ခဲ့ရတာပါ။ ကျွန်တော်တို့အနေနဲ့လည်း မြန်မာနိုင်ငံမှာ ရှိနေခဲ့တာ အချိန်ကြာလာတာနဲ့အညီ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို အများအပြား တွေ့ရှိခဲ့ရပါတယ်။ ဒီယဉ်ကျေးမှု အမွေအနှစ်တွေ ကို ထိန်းသိမ်းဖို့ UNESCO က ဆောင်ရွက်နေသလိုပဲ ကျွန်တော်တို့အနေနဲ့လည်း ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလိုမျိုး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု အကျိုးရလဒ် အနေနဲ့ အခုလိုပြပွဲကြီးတစ်ခု ပေါ်ပေါက်လာတဲ့ အတွက်လည်း တကယ့်ကို ဝမ်းသာပီတိ ဖြစ်ရပါတယ်” ဟု ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar