မြန်မာ့စီးပွားရေးနှင့်ရင်းနှီးမြှပ်နှံမှုအခြေအနေများအား သြစတြီးယားသံအမတ်ကြီး ဆွေးနွေး

ရန်ကုန်

သြစတြီးယားသံအမတ်ကြီး Alexander Marschik သည် မြန်မာနိုင်ငံတွင်ရင်းနှီးမြှပ်နှံထားသည့် သြစတြီးယားစီးပွားရေးအသိုက်အဝန်းနှင့်ယနေ့နံနက်ပိုင်း၌ ရန်ကုန်မြို့ရှိ၊ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံးတွင်တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့်စိန်ခေါ်ချက်များကိုတက်ရောက်လာသူများကဆွေးနွေးဖလှယ်ကြသည်။

ထို့အပြင်အနာဂတ်တွင်နှစ်နိုင်ငံအကြားပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေနှင့်အခွင့်အလမ်းများကိုဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတွင်ရင်းနှီးမြှပ်နှံထားသည့် သြစတြီးယားစီးပွားရေးအသိုက်အဝန်းသာမက ပြည်တွင်းရှိမိတ်ဖက်လုပ်ငန်းစုများပါတက်ရောက်ခဲ့ကြသည်။

typeof=

ဆွေးနွေးပွဲသို့   နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံအဖွဲ့ တောင်အာရှ နှင့် အရှေ့တောင်အာရှဆိုင်ရာ Head of Unit ll ၊ မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယား Honorary Consul ၊ EuroCham Myanmar မှ Executive Director ၊ Construction & Advocacy Officer နှင့် Policy & Operations Officer များ ၊ Luthar Law Firm မှ ကိုယ်စားလှယ်၊ Carlsberg Myanmar ၏ Managing Director ၊  ထို့ပြင် Andritz Hydro Power ၏ Managing Director ၊ Anita Asia Ltd. ၏ ဒါရိုက်တာ နှင့် Shwe Taung Group ၊ Sea Lion Co., Ltd. တို့မှ CEO များ နှင့် Director များ တက်ရောက်ခဲ့ကြသည်။ 

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar