မြန်မာအလုပ်သမားများ ခေါ်ယူရန် ထိုင်ဝမ် အတည်ပြု

မြန်မာနိုင်ငံက လုပ်သားများကို ယခုနှစ်အတွင်း ခေါ်ယူသွားမယ်လို့ ထိုင်ဝမ်အစိုးရက အတည်ပြုကြေညာခဲ့ကြောင်း ထိုင်ဝမ်နိုင်ငံပိုင် သတင်းဌာနဖြစ်တဲ့ Central News Agency က ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဖော်ပြခဲ့ပါတယ်။

မြန်မာလုပ်သားများကို ယခုနှစ် ပထမနှစ်ဝက်အတွင်း ခေါ်ယူသွားမှာ ဖြစ်တယ်လို့ ဒီဇင်ဘာ ၃၁ ရက်က Commercial Times daily သတင်းစာက နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လင်းရဲ့ အဆိုကို ကိုးကား ဖော်ပြခဲ့ကြောင်း CNA က ဇန်နဝါရီ ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာဟာ ယခင်နှစ် ဇွန်လက တိုင်ပေမှာ ကုန်သွယ်ရေးရုံး တည်ထောင်ခဲ့ပြီးနောက် နောက်တစ်ဆင့်အနေနဲ့ မြန်မာလုပ်သားများကို ထိုင်ဝမ်နိုင်ငံသို့ ခေါ်ဆောင်ရန်ဖြစ်ကြောင်း မစ္စတာ လင်းက ဆိုပါတယ်။

ထိုင်ဝမ်နိုင်ငံရဲ့ လျှပ်စစ်ကဏ္ဍအတွက် မြန်မာလုပ်သားခေါ်ယူမှုကို ခွင့်ပြုထားမှုမှာမူ အစမ်းသဘောမ ျှသာဖြစ်သေးကာ လက်ရှိအချိန်တွင် မည်သည့်ကဏ္ဍအတွက်ဟူပြီး သတ်မှတ်ထားခြင်းမရှိသေးဟုလည်း ၎င်းကပြောပါတယ်။ ဒီအပြင် အလုပ်သမားဝန်ကြီးဌာနအနေနဲ့လည်း စည်းမျဉ်းများရေးဆွဲရန် လိုအပ်နေသေးကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

မြန်မာအစိုးရက ၎င်းတို့ရဲ့ အလုပ်သမားများ ထိုင်ဝမ်သို့ သွားရောက် အလုပ်လုပ်ခြင်းကို ခွင့်ပြုထားပြီး ထိုင်ဝမ်နိုင်ငံရဲ့ အလုပ်သမားလိုအပ်ချက်နဲ့လည်း ကိုက်ညီနေကြောင်း  လင်းက ပြောကြားခဲ့တယ်လို့ သတင်းများက ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံအပြင် ရွှေ့ပြောင်းလုပ်သားများ ခေါ်ယူနိုင်မယ့် နေရာသစ်တွေက သီရီလင်္ကာနဲ့ လာအိုနိုင်ငံတို့ ဖြစ်ကြောင်း The Commercial Times က ဆိုပါတယ်။ 

ထိုင်ဝမ်နိုင်ငံမှာ လာရောက်လုပ်ကိုင်ကြတဲ့ နိုင်ငံခြားသား အလုပ်သမားများဟာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့မှ ဖြစ်ကြပြီး အိမ်အကူ လုပ်ငန်းများကိုတော့ အင်ဒိုနီးရှားနိုင်ငံမှ အများဆုံး လာရောက်လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားအစိုးရက အိမ်အကူလုပ်သားများ ထိုင်ဝမ်သို့ စေလွှတ်ခြင်းကို ၂၀၁၇ ခုနှစ်မှာ ရပ်တန့်သွားမယ်လို့ ကြေညာခဲ့အပြီး အခြားနိုင်ငံခြားလုပ်သားသစ်များကို ရှာဖွေရန် ထိုင်ဝမ်က ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။

သတင်း- Frontier သတင်းအဖွဲ့ 

ရဲထွဋ္ဋ်သိန်း ဘာသာပြန်သည်။

More stories

Related stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar