မြန်မာအပါအဝင် နိုင်ငံသုံးနိုင်ငံမှ အားကစားသမားများ လိုက်ပါလာသည့် ဘတ်စ်ကား မတော်တဆမှုဖြစ်ပွား

ကွာလာလမ်ပူ၊ သြဂုတ် ၂၁

အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင် မြန်မာအားကစားသမားများအပါအဝင် ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့မှ အားကစားသမားများ လိုက်ပါလာသည့် ဘတ်စ်ကားနှစ်စီးမှာ ယနေ့နံနက်ပိုင်းက အားကစားကွင်းသို့ အသွားတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည်ဟု သတင်းများက ရေးသားထားသည်။

ထိုင်းနိုင်ငံမှ အားကစားသမား ၁၃ ဦး၊ ဖိလစ်ပိုင်မှ ငါးဦးနှင့် မြန်မာနိုင်ငံမှ ၁၀ ဦး လိုက်ပါလာသည့် ကားမှာ ပြိုင်ပွဲယှဉ်ပြိုင်ရန်အတွက် Bukit Jalil အမျိုးသားအားကစားရုံသို့ အသွားတွင် မတော်မဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မလေးရှားနိုင်ငံThe Star သတင်းဌာနက ရေးသားထားသည်။

၎င်းအားကစားသမားများမှာ Squash အားကစားနည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ ဖြစ်ကြသည်။ အဆိုပါမတော်တဆမှုကြောင့် ဆေးစစ်ချက်များ ရယူနိုင်ရန်အတွက် ယနေ့ကျင်းပမည့် အမျိုးသားနှစ်ယောက်တွဲ၊ အမျိုးသမီး နှစ်ယောက်တွဲနှင့် အမျိုးသားနှင့် အမျိုးသမီးတွဲ ပြိုင်ပွဲများကို ယာယီဆိုင်းငံ့ထားရသည်ဟု သတင်းတွင် ရေးသားထားသည်။

မော်တော်ဆိုင်ကယ်တစ်စီးက ဘတ်စ်ကားများရှေ့သို့ ရုတ်တရက်ဖြတ်ဝင်လာသော်ကြောင့် ရှေ့မှမောင်းနှင်နေသည့် ဘတ်စ်ကားတစ်စီးက ဘရိတ်အုပ်လိုက်ချိန်တွင် အားကစားသမားများ လိုက်ပါလာသည့် ဘတ်စ်ကားက နောက်မှ ဝင်တိုက်မိခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကို ကိုးကားပြီး သတင်းတွင် ရေးသားထားသည်။

ယာဉ်မတော်တဆမှုကြောင့် အားကစားသမားအချို့ ဒဏ်ရာရရှိခဲ့သည်ဟု အခြားသတင်းတစ်ပုဒ်တွင် ရေးသားထားသည်။ ဒဏ်ရာရရှိသူများကို National Sports Institute တွင် ဆေးကုသပေးခဲ့သည်ဟုဆိုသည်။

ပြီးခဲ့သည့်ရက်သတ္တကလည်း မြန်မာအမျိုးသမီးဘောလုံးအသင်းအတွက် ကားမောင်းပေးရသည့် ယာဉ်မောင်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သောကြောင့် ဘောလုံးပွဲအပြီး ဟိုတယ်ပြန်မည့်အမျိုးသမီးအသင်းအတွက် နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့သေးသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar