မြန်မာလေတပ်အတွက် Yak-130 တိုက်ခိုက်ရေး တိုက်လေယာဉ်များကို ရုရှားက ပေးပို့

ရန်ကုန်၊ မတ် ၂၄

မြန်မာလေတပ်က မှာယူထားသည့် Yakovlev Yak-130 ‘Mitten’ အဆင့်မြင့် လေ့ကျင့်ရေးနှင့် အပေါ့စား တိုက်ခိုက်ရေး ဂျက်လေယာဉ်များကို ယခုနှစ်အတွင်း အပြီးပေးပို့သွားမည်ဟု ရုရှားတာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး ရုရှား Sputnik သတင်းဌာနက ရေးသားထားသည်။

ပထမအသုတ်လေယာဉ်များကို ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက ပေးပို့ခဲ့သည်ဟု ရုရှားနိုင်ငံ Federal Service for Military-Technical Cooperation (FSMTC) ၏ ဒုညွှန်ကြားရေးမှူးဖြစ်သူ Mikhail Petukhov က အဆိုပါ သတင်းဌာနကို ပြောကြားသည်။

မလေးရှားနိုင်ငံတွင် ကျင်းပနေသည့် လန်ကာဝီအပြည်ပြည်ဆိုင်ရာ ရေကြောင်းနှင့် လေကြောင်းပြပွဲ (LIMA-2017) သို့ တက်ရောက်နေသည့် ရုရှားကိုယ်စားလှယ်အဖွဲ့ကို ၎င်းက ဦးဆောင်လာခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံကို Yak-130 လေယာဉ်တွေ ပထမအသုတ် ပေးပို့မှုက ၂၀၁၆ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ စာချုပ်အရ ၂၀၁၇ ခုနှစ်မှာ အပြီးသတ်မှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

၂၀၁၅ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် သဘောတူစာချုပ်အရ ပထမအသုတ်ဖြစ်သည့် Yak-130 လေယာဉ်သုံးစီးအား ပေးပို့ပြီးခြင်းရှိမရှိကို ၎င်းအား မေးမြန်းချိန်တွင် ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်းဖြစ်သည်ဟု မတ် ၂၁ ရက်နေ့က သတင်းတွင် ရေးသားထားသည်။

ရုရှားနိုင်ငံထုတ် တစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၁၅ သန်းခန့် တန်ကြေးရှိသည့် နှစ်ယောက်စီး အပေါ့စားတိုက်ခိုက်ရေး Yak-130 ဂျက်လေယာဉ်များ ဝယ်ယူရန် မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သော်လည်း လေယာဉ်အစီးရေမည်မျှ မှာယူထားသည်ကိုမူ မသိရှိရပေ။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar