မြန်မာနှင့် ထိုင်းပွဲတွင် ကွင်းအတွင်း ပရိသတ်အများဆုံး စံချိန်တင်

ရန်ကုန်၊ ဒီဇင်ဘာ ၄

AFF Suzuki ဖလား အကြိုဗိုလ်‌လုပွဲအဖြစ်‌ ရန်‌ကုန်‌တွင်‌ ယ‌နေ့ယှဉ်‌ပြိုင်‌သည်‌့ မြန်‌မာနှင့် ထိုင်‌းအသင်းတို့၏ပွဲတွင်‌ ပရိတ်‌သတ်‌ ၃၃,၁၂၁ ဦးဖြင်‌့ ကွင်‌းအတွင်‌း ကြည်‌့ရှုသူအများဆုံး စံချိန်‌တင်‌ခဲ့သည်‌။

ရန်‌ကုန်‌မြို့၊ သုဝဏ္ဏ အားကစားကွင်‌းတွင်‌မြန်‌မာက ထိုင်‌းကိုနှစ်‌ဂိုးပြတ်‌ဖြင်‌့ ရှုံးနိမ်‌့ခဲ့‌ရသော အဆိုပါပွဲစဉ်‌တွင်‌ ကွင်‌းအတွင်‌းလာ‌ရောက်‌သည်‌့ ပရိသတ်အ‌ရေအတွက်‌မှာ မြန်‌မာနိုင်‌ငံတွင်‌ကျင်‌းပသည်‌့ AFF Suzuki ပွဲစဉ်‌များအနက်‌ ပရိတ်‌သတ်‌အများဆုံး ဖြစ်‌ခဲ့သည်‌။

မြန်‌မာအသင်‌း၏ ရန်‌ကုန်‌တွင်‌ ယှဉ်‌ပြိုင်‌သည်‌့ AFF Suzuki ဖလားပွဲစဉ်‌‌လေးပွဲအပြီး ကွင်‌းအတွင်‌း ဝင်ရောက်‌ကြည်‌့ရှုသည်‌့ စုစုပေါင်း ပရိသတ် အ‌ရေအတွက်‌မှာ ၁၀၉,၁၅၅ ဦး ရှိခဲ့ပြီဖြစ်‌သည်‌။

အကြိုဗိုလ်လုပွဲတက်ရေး အဆုံးအဖြတ်ပွဲစဉ်အဖြစ် မလေးရှားနှင့် ယှဉ်ပြိုင်သည့် နိုဝင်ဘာ၂၆ ရက်နေ့က ပွဲစဉ်တွင် ကွင်းအတွင်းပရိတ်သတ် ၃၂,၇၅၈ ဦးဝင်ရောက်ကြည့်ရှုခဲ့သည်။

အုပ်စုပထမပွဲစဉ်ဖြစ်သည့် ဗီယက်နမ်နှင့် နိုဝင်ဘာ ၂၀ ရက်နေ့က ပွဲစဉ်တွင် ပရိတ်သတ် ၂၈,၀၄၀ ဦး၊ ကမ္ဘောဒီးယားနှင့် နိုဝင်ဘာ ၂၃ ရက်နေ့က ပွဲစဉ်တွင် ပရိတ်သတ် ၁၅,၂၃၆ ဦး ဝင်ရောက်ကြည့်ရှုခဲ့ကြသည်။

ယနေ့ တနင်္ဂနွေနေ့ ညနေပိုင်းတွင် ယှဉ်ပြိုင်ခဲ့သည့် မြန်‌မာ-ထိုင်‌း ပွဲစဉ်‌အတွက်‌လက်‌မှတ်‌များကို မြန်‌မာနိုင်‌ငံ‌ဘောလုံးအဖွဲ့ချုပ်‌က ‌သုံးရက်‌ခန်‌့ ကြိုတင်‌‌ရောင်‌းချခဲ့ရာ နာရီပိုင်‌းအတွင်‌း လက်‌မှတ်‌မ‌ျား ‌ရောင်‌းထွက်‌သွားခဲ့ပြီး လက်‌မှတ်‌အ‌ရောင်‌းကို စ‌နေနေ့ကတည်‌းက ရပ်‌တန်‌့ခဲ့ရသည်‌။

ရိုးရိုးတန်‌း ကျပ် ၃၀,၀၀ နှင်‌့ အထူးတန်‌းကျပ် ၅၀,၀၀ သတ်‌မှတ်‌ထား‌သောလက်‌မှတ်‌များသည် မှောင်‌ခို‌ဈေးကွက်‌တွင်‌ ငါးဆခန်‌့ ဈေးတက်‌သွားခဲ့ပြီး ရိုးရိုးတန်‌း ကျပ်‌ ၁၅,၀၀၀ နှင်‌့ အထူးတန်‌းကျပ် ၃၅,၀၀၀ အထိ‌ဈေး‌ပေါက်‌ခဲ့သည်‌။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar