မြန်မာနှင့်နီပေါကြား ခရီးသွား နှင့် ယဉ်ကျေးမှုကဏ္ဍ တိုးမြှင့်မည်

Frontier Myanmar

မြန်မာနှင့် နီပေါနိုင်ငံတို့အကြား ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့်ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ကို ယနေ့ နံနက်ပိုင်းက သမ္မတအိမ်တော်၌ လက်မှတ်ရေးထိုးသည်။
နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်အတွင်း ယင်းသို့လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ချစ်ကြည်ရေးခရီးရောက်ရှိလာသော နီပေါသမ္မတကို နိုင်ငံတော်သမ္မတက ယနေ့နံနက်ပိုင်းကဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုခဲ့ပြီး နှစ်နိုင်ငံအရေးကိစ္စများဆွေးနွေးခဲ့ကြသည်။

ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး
ထို့နောက် နီပေါသမ္မတသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့်ရေး နှစ်နိုင်ငံအကြား နိုင်ငံတကာ မျက်နှာစာတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်နှစ်နိုင်ငံသတင်းအချက်အလက်များ ဖလှယ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုဆွေးနွေးခဲ့သည်။

ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး

၂၀၂၀ပြည့်နှစ် တွင် နီပေါနိုင်ငံ၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုညီလာခံသို့ မြန်မာနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ရေးနှင့် ၂၀၂၀ပြည့်နှစ်တွင် ကျရောက်မည့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှု နှစ်(၆၀)ပြည့် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရေးတို့ကိုပါ ဆွေးနွေးခဲ့ကြသည်။ထို့အပြင် ၂၀၂၀ခုနှစ်သည် နီပေါနိုင်ငံ၏ခရီးသွားနှစ်လည်းဖြစ်သည်။

ဒေသတွင်းသတင်းဌာနများ၏ဖော်ပြချက်အရ နီပေါ သမ္မတသည် ငါးရက်တာ ခရီးစဉ်အတွင်း ပြင်ဦးလွင်မြို့၊ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသ ပုဂံနှင့်ရန်ကုန်မြို့ရှိအထင်ကရနေရာအချို့သို့သွားရောက်မည်ဖြစ်သည်။
သမ္မတသည် ပြင်ဦးလွင်တွင် နီပေါနွယ်ဖွား မြန်မာနိုင်ငံသားများ(ဂေါ်ရခါးလူမျိုးများဟုလူသိများသည်)နှင့်တွေ့ဆုံမည်ဟု အဆိုပါ သတင်းများတွင်ဖော်ပြသည်။၎င်းတို့သည် ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံ၌တပ်စွဲခဲ့သော တိုက်ရည်ခိုက်ရည်တွင်နာမည်ကျော်သည့် ဂေါ်ရခါးစစ်သားများ၏မျိုးဆက်များဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar