မြန်မာနိုင်ငံ၏ တော်ဝင်မျိုးဆက်အကြောင်း ရုပ်ရှင်ရိုက်ကူးရန် ထောက်ပံ့ငွေ ရရှိ

မြန်မာနိုင်ငံ၏ နောက်ဆုံး ကျန်ရစ်သည့် တော်ဝင်မိသားစုအကြောင်း ရိုက်ကူးမည့် ရုပ်ရှင်အတွက် သုတေသန ပြုလုပ်နေသူ ဗြိတိသ ျှ ရုပ်ရှင်ရိုက်ကူးသူ တစ်ယောက်အား ယူနိုက်တက် ကင်းဒမ်းတွင် ကျင်းပသည့် အခမ်းအနားတစ်ခုတွင် ၎င်း၏ ရုပ်ရှင်အတွက် ထောက်ပံ့ငွေဆု ပေးအပ်ခဲ့သည်။

ဗြိတိသ ျှ ရုပ်ရှင်ထုတ်လုပ်သူ Mr Alex Boscoby အား ၎င်းရိုက်ကူးမည့် Burma’s Lost Royals ရုပ်ရှင်အတွက် Whicker’s World Foundation က ပေါင် ၈၀,၀၀၀ (ကျပ် ၁၃၄ သန်း) ခန့် ထောက်ပံ့ပေးအပ်ခဲ့သည်။ ထိုရုပ်ရှင် ရိုက်ကူးရေးအတွက် ၎င်းသည် ၂၀၁၄ ခုနှစ်က စတင် ကြိုးပမ်းလာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရုပ်ရှင်သည် မြန်မာနိုင်ငံ၏ နောက်ဆုံး ဘုရင်ဖြစ်သည့် သီပေါမင်း၏ မျိုးဆက်များအကြောင်း ဖြစ်သည်။ သီပေါမင်းအား ၁၈၈၅ ခုနှစ်တွင် ဗြိတိသ ျှတို့က နန်းချခဲ့ပြီးနောက် ၎င်း၏ မိဖုရား စုဖုရားလတ်နှင့်အတူ အိန္ဒိယနိုင်ငံ ရတနာဂီရီသို့ နယ်နှင် ပို့ဆောင်ခဲ့သည်။

စုဖုရားလတ်သည် ၁၉၁၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး ခြောက်နှစ်အကြာတွင် ကွယ်လွန်သွားခဲ့သည်။ သီပေါမင်းမှာမူ ရတနာဂီရိတွင် ကွယ်လွန်ခဲ့သည်။

“ကျွန်တော်တို့ အတော်ဘဝင်ခိုက်သွားပါတယ်” ဟု Boscoby က ဆုနှင့် ပတ်သက်ပြီး ပြောကြားသည်။ “ဒီရုပ်ရှင်ကို ရိုက်ချင်ရတာကလည်း မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းဟာ ဘယ်လောက်ထိ ထူးခြားတယ်ဆိုတာ ပြချင်တာ ဖြစ်ပါတယ်။ ဒီနိုင်ငံအပေါ် နိုင်ငံတကာက အများကြီး အာရုံစိုက်နေကြပါတယ်။ ဒါပေမယ့် ဒီနေ့အခြေအနေကို သေသေချာချာ နားလည်မှုတွေကတော့ အကန့်အသတ် ရှိနေပါသေးတယ်။ ကျွန်တော်တို့က ဒီဇာတ်ကောင်တွေကနေတစ်ဆင့် ဇာတ်လမ်းကို ပြောပြသွားချင်ပါတယ်” ဟု ၎င်းကပြောသည်။

“မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကို ကျွန်တော်တို့ တကယ်ကို ပြန်လည် ဖော်ထုတ်ချင်ပါတယ်။ သူတို့ရဲ့ မျိုးဆက်တွေ မြန်မာနိုင်ငံထဲမှာ ရှိနေသေးတယ်ဆိုတာကို ပြည်သူတွေကို သတိပေးချင်ပါတယ်။ မြန်မာနိုင်ငံ ပြောင်းလဲနေတာနဲ့အတူ ဒီဇာတ်လမ်းကို ဖုံးကွယ်ထားဖို့ မလိုတော့ပါဘူး။ ဒီအကြောင်းကို လူတွေ တဖန် ပြန်လည် ပြောကြစေချင်ပါတယ်” ဟု ၎င်းကပြောသည်။

Whicker’s World Foundation သည် ၂၀၁၃ ခုနှစ်က ကွယ်လွန်ခဲ့သည့် ဗြိတိသ ျှ ဂျာနယ်လစ် Alan Whicker CBE ၏ အမည်ကို မှည့်ခေါ်ထားခြင်းဖြစ်သည်။ထောက်ပံ့ဆုကို ဇွန် ၁၄ ခုနှစ်က Sheffield International Documentary Festival တွင် ပေးအပ်ခဲ့သည်။

Burma’s Lost Royals ရုပ်ရှင်အား ၂၀၁၇ ခုနှစ်တွင် ဖြန့်ချိမည် ဖြစ်သည်။

သတင်း- အိုလီဗာ ဆလိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar