မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်းသွားဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန် 

မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကျဆင်းသွားခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ပ ျှမ်းမ ျှ ၈ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်ဟု ယခုမေလတွင် ထုတ်ဝေသည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်မှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

“မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ မနှစ်က လျော့ကျသွားပေမယ့် မြန်မာနိုင်ငံသားတွေအတွက် အပြောင်းအလဲနဲ့ ဖွံ့ဖြိုးရေးအတွက် အင်အားကောင်းတဲ့ မောင်းနှင်အားတစ်ခုအနေနဲ့ တည်ရှိနေပါသေးတယ်။ အစိုးရအနေနဲ့ ယခု ဆောင်ရွက်နေတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ မေခရိုဘောဂဗေဒ တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ဖို့ ဆက်လက်အာရုံစိုက်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာ ကောင်းပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်  Abdoulaye Seck  က ပြောကြားထားသည်။

ထိုကဲ့သို့ စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်းသွားရခြင်းမှာ နိုင်ငံအတွင်း ရေကြီးရေလျှံခြင်းကြောင့် ရောင်းလိုအားတွင် သက်ရောက်မှုများရှိခဲ့ခြင်း၊ အထွေထွေ ရွေးကောက်ပွဲ ကာလအတွင်း ရင်းနှီး မြှုပ်နှံမှုအသစ်များ နည်းပါးခြင်း၊ ပြင်ပအခက်အခဲများနှင့် ကမ္ဘာ့ကုန်စည်ဈေးနှုန်းများ ကျဆင်းခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ အဓိကပို့ကုန်လုပ်ငန်းများကို ထိခိုက်စေခဲ့ခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။

စိုက်ပျိုးရေး ကုန်စည်ရောင်းလိုအား ကျဆင်းခြင်းနှင့် ကမ္ဘာ့ကုန်စည်ဈေးနှုန်း ကျဆင်းခြင်းတို့ကြောင့် ပထမကိုးလအတွင်းတွင် ယခင်နှင့် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုးသည် ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုပြင် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ငွေကြေးဖောင်းပွမှုနှုန်းက ၁၆ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ခြင်းနှင့် နိုင်ငံရေး အပြောင်းအလဲများက ရင်းနှီးမြှုတ်နှံမှုအသစ်များကို အရှိန်လျော့ကျစေခဲ့သည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုမြင့်တက်လာခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများမှ အကျိုးဆက်လက် ဖြစ်ထွန်းစေရန် ပိုမို ချောမွေ့သော ငွေလဲလှုယ်နှုန်းစနစ်တစ်ခုကို ဆက်လက် ဆောင်ရွက်ရန် အရေးကြီးသည်ဟု ကမ္ဘာ့ဘဏ်က အကြံပြုထားသည်။ ထို့ပြင် လ ျှပ်စစ်မီးရရှိရေးနှင့် နိုင်ငံပိုင်ဘဏ်များ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရန်လည်း အကြံပြုထားသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင်မူ ရောင်းလိုအားကျဆင်းမှုမှ စီးပွားရေး ပြန်လည်ကောင်းမွန်လာခြင်းနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ပြန်လည်မြင့်တက်လာခြင်းတို့ကြောင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပုံမှန်ဈေးနှုန်းအရ ဂျီဒီပီ သည် ၇ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်ရန် ခန့်မှန်းထားပြီး ကာလလတ်တွင် တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် ၈ ဒသမ ၂ ရာခိုင်နှုန်း တိုးရန် ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

စိုက်ပျိုးရေးကဏ္ဍထွက်ကုန်ရောင်းလိုအား ကျဆင်းမှု ပြန်လည် ဦးမော့လာသည့်အတွက် ငွေကြေးဖောင်းပွမှုဖိအား လျော့ကျလာရန် မျှော်မှန်းပြီး နိုင်ငံတကာ ကုန်ပစ္စည်းဈေးနှုန်းများ နည်းပါးနေသောကြောင့် ၂၀၁၆-၁၇ တွင် ပျမ်းမျှ ၈ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ရန် ခန့်မှန်းထားသည်။ _

ကာလလတ်အတွင်း ဘတ်ဂျက်လိုငွေသည် ဂျီဒီပီ၏ပျမ်းမျှ ၃ ဒသမ ၅ ရာခိုင်နှုန်းရှိရန် ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး အစိုးရဝင်ငွေသည် ဂျီဒီပီ၏ပျမ်းမျှ ၁၄ ရာခိုင်နှုန်းခန့်သို့ မြင့်တက်လာမည်ဟုလည်း  ခန့်မှန်းထားသည်။

သတင်း-ဆန်းဦး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar