မြန်မာနိုင်ငံရှိ သြစတြေးလျ ကုန်သည်ကြီးများအသင်းနှစ်ခု ပူးပေါင်း

ရန်ကုန်၊ သြဂုတ် ၁၈

ရန်ကုန်မြို့တွင် အခြေစိုက်သည့် သြစတြေးလျကုန်သည်ကြီးများ အဖွဲ့နှစ်ဖွဲ့ ပူးပေါင်းပြီး ကုန်သည်ကြီးများ အဖွဲ့သစ်တစ်ခု ဖွဲ့စည်းသွားမည်ဟု ၎င်းတို့က သတင်းထုတ်ပြန်သည်။

သြစတြေးလျနှင့် မြန်မာနှစ်နိုင်ငံကြားတွင် စီးပွားရေးချိတ်ဆက်လုပ်ကိုင်မှုများ ကြီးထွားလာရန် လုပ်ဆောင်နေသည့် ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များက အဆိုပါအဖွဲ့သစ်တွင် ကိုယ်စားပြု ဦးဆောင် လုပ်ကိုင်မည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် သြစတြေးလျ စီးပွားရေးကုန်သည်ကြီးများနှစ်ဖွဲ့ ထိုသို့ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်နိုင်ရန် သြဂုတ် ၁၄ ရက်နေ့တွင် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။

“အခုလို ကုန်သည်ကြီးအသင်းနှစ်ဖွဲ့ ပူးပေါင်းလိုက်ခြင်းက မြန်မာနိုင်ငံမှာရှိတဲ့ သြစတြေးလျ စီးပွားရေး အသိုက်အဝန်းရဲ့ အနေအထားကို ပိုမိုခိုင်မာစေပြီး ပိုမိုထိရောက်တဲ့ စွမ်းဆောင်မှုတွေ ပူးပေါင်းပေးနိုင်မှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး Nicholas Coppel က ပြောကြားသည်။

ထို့ပြင် သြစတြေးလျဈေးကွက်၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေသော မြန်မာစီးပွားရေးလုပ်ငန်းရှင်များကိုလည်း အကူအညီများ ပေးနိုင်မည်ဖြစ်ည်။

နားလည်မှုစာချွန်လွှာတွင် အဆိုပြုထားသည့် ရန်ကုန်အခြေစိုက် စီးပွားရေးဥပဒေအကျိုးဆောင်ဖြစ်သည့် Berwin Leignton Paisner တွင် Partner ရာထူးဖြင့် လုပ်ကိုင်နေပြီး မြန်မာနိုင်ငံရှိ ဥပဒေပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်ဖြစ်သည့် Chris Hughes က အသစ်ဖွဲ့စည်းလိုက်သည့် AustCham Myanmar တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် ရွေးချယ်ခြင်းခံခဲ့ရသည်။ပီး သြစတြေးလျ မြန်မာကုန်သည်ကြီးများအသင်းတွင် အမှုဆောင်အရာရှိချုပ်အဖြစ် လုပ်ကိုင်နေသည့် Jodi Weedon က အဖွဲ့အစည်းသစ်တွင်လည်း အမှုဆောင်အရာရှိချုပ်အဖြစ် ဆက်လက်ဦးဆောင် လုပ်ကိုင်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင်ကုန်သည်ကြီးများအဖွဲ့နှစ်ဖွဲ့က လုပ်ကိုင်ခဲ့သည့် စီးပွားရေးကွန်ယက်များ ပိုမိုချိဆက်လုပ်ကိုင်နိုင်ရန် စီစဉ်ပေးသည့် တွေ့ဆုံပွဲများ၊ ကုန်သွယ်မှုနှင့် စီးပွားရေးလုပ်ငန်းများ မြှင့်တင်နိုင်ရန် ကိုယ်စားလှယ်အဖွဲ့များနှင့် ချိတ်ဆက်လုပ်ကိုင်သည့် အစီအစဉ်များ၊ သက်ဆိုင်ရာ စီးပွားရေးကဏ္ဍများနှင့်သက်ဆိုင်သည့် အလုပ်ရုံဆွေးနွေး ဖလှယ်ပွဲများအပြင် သြစတြေးလျ မြန်မာကုန်သည်ကြီးများအသင်းက ဖွဲ့စည်းထားသည့် တာဝန်သိရင်းနှီးမြှပ်နှံမှု လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို Austcham Myanmar က ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar