မြန်မာစစ်တပ်သို့ သယ်ယူပို့ဆောင်ရေးယာဉ်များ ရောင်းချရန် အိန္ဒိယ တာတာကုမ္ပဏီ မျှော်မှန်း

ထိုင်းစစ်တပ်သို့ စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေးယာဉ်များ ရောင်းချရန် သဘောတူညီမှုရရှိပြီးနောက် မြန်မာနိုင်ငံသို့လည်း အလားတူရောင်းချခြင်းဖြင့် ၎င်း၏ဈေးကွက်ကို ချဲ့ထွင်ရန် အိန္ဒိယ၏ Tata Motors ကုမ္ပဏီက မျှော်လင့်နေသည်ဟု Business Insider India ၏ သတင်းတစ်ခုတွင် ဖော်ပြထားသည်။

ကုမ္ပဏီအနေဖြင့် ထိုင်းစစ်တပ်သို့ စစ်သား ၁၁ ဦးတင်နိုင်သော ၂ ဒသမ ၅ တန်ရှိ ဘက်စုံသုံးအပေါ့စားယာဉ်များ ရောင်းချလျက်ရှိသည်ဟု အဆိုပါ ကားကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ ဗာနွန်နိုရိုနာက ပြောသည်။ ၎င်းယာဉ်များမှာ အိန္ဒိယ စစ်တပ်တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပြီြဖစ်သည်။

“ထိုင်းအပြင် စစ်သုံးယာဉ်တွေရောင်းချရမယ့် ဈေးကွက်တစ်ခုအဖြစ် မြန်မာကိုလည်း ရောင်းချဖို့ ကျွန်တော်တို့ မျှော်မှန်းနေပါတယ်”ဟု မစ္စတာဗာနွန်က Business Insider ကို ပြောသည်။

၂၀၁၀ ခုနှစ်၊ မတ်လက တာတာသည် မြန်မာနိုင်ငံ စက်မှုဝန်ကြီးဋ္ဌာနလက်အောက်ရှိ Myanmar Automobile and Diesel Ltd နှင့် ပူးပေါင်း၍ မကွေးတိုင်းဒေသကြီးတွင် အကြီးစား မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ရေး စက်ရုံတစ်ခု တည်ထောင်ရန် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။

တာတာသည် Apex Greatest Industrial Co, Ltd ကုမ္ပဏီနှင့် ပူးပေါင်း၍ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင်လည်း အရောင်းပြခန်း ဖွင့်လှစ်မှုနှင့် အတူ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း လုပ်ငန်းသုံးယာဉ်များ စတင်ရောင်းချခဲ့သည်။

မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မကြာသေးမီနှစ်များမှ စတင်ပြီး မြန်မာ့တပ်မတော်၏ စွမ်းဆောင်ရည်မြင့်တင်ရေးအတွက် စစ်သုံးပစ္စည်းများ ဝယ်ယူမှုကို တွန်းအားပေးလုပ်ဆောင်လျက်ရှိသည်။

၂၀၁၅ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာကွယ်ရေးလက်နက်ပစ္စည်းများ လေ့လာရန် ပါကစ္စတန်၊ ဆာဗီးယားနှင့် အစ္စရေးနိုင်ငံများသို့ သွားရောက်ခဲ့သည်။ ပြီးသည့်နှစ်က သမ္မတလုပ်ရန် ဆန္ဒရှိမရှိ မေးမြန်းခဲ့ရာ နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည် ခေတ်မီရေးကိုသာ အာရုံစိုက်ကြောင်း ဗိုလ်ချုပ်မှူးကြီးက ဖြေကြားခဲ့သည်။

သတင်း- Frontier 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.