မြန်မာကျပ်ငွေ အတက်အကျ

တရားဝင် ကျပ်ငွေလဲလှယ်နှုန်းနှင့် တရားမဝင် ကျပ်ငွေလဲလှယ်နှုန်း နှစ်မျိုးကွဲပြားနေခြင်းသည် မြန်မာကျပ်ငွေ အတက်အကျ များပြားသောကြောင့် ဘဏ်များအတွက် ဝင်ငွေအမြောက်အမြား ရရှိနေသလော

မန်နီမောင် ရေးသားသည်။

မြန်မာကျပ်ငွေသည် ၂၀၁၂ ခုနှစ် ဧပြီလတွင် ဈေးကွက်၌ အမေရိကန် တစ်ဒေါ်လာလျှင် ၈၁၈ ကျပ် ရှိခဲ့ရာမှ ပြီးခဲ့သောသီတင်းပတ် အနည်းငယ်တွင် ထူးထူးခြားခြား ကျဆင်းလာခဲ့ပြီး အနိမ့်ဆုံးအဆင့်သို့ ရောက် ရှိခဲ့သည်။ ကျပ်ငွေသည် ဇွန်လ ဒုတိယပတ်အတွင်း အမေရိကန် တစ်ဒေါ်လာလျှင် ကျပ်ငွေ ၁,၃၀၀ ပေးရသည် အထိ ကျဆင်းခဲ့သည်။ သို့ဖြင့် သမ္မတရုံးက မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို မြန်မာကျပ်ငွေ တည်ငြိမ်အောင် လုပ်ဆောင်ထားရန် တွန်းအားပေးစေခဲ့ရသည်။

Central Bank of Myanmar(CBM) မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မေလတွင် အမေရိကန်ဒေါ်လာ ထုတ်ယူမှုကို ကန့်သတ်ခဲ့ခြင်းနှင့် ပြီးခဲ့သော ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေး လိုငွေပြမှု အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလျံ ရှိခဲ့ခြင်းတို့သည် ကျပ်ငွေတန်ဖိုး ထိုမျှ လျှင်မြန်စွာ ကျဆင်းသွားရခြင်း၏ အကြောင်းရင်းများ ဖြစ်နိုင်ပါသည်။

CBM မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကုန်သွယ်ရေး လိုငွေပြမှုကို အရေးပေါ် ဖြေရှင်းသည့်နည်း ဖြစ် သည့် နိုင်ငံခြားငွေကြေးများကို ထုတ်ယူမှု ကန့်သတ်ထားခြင်းနှင့် ငွေလဲလှယ်ကောင်တာများက အမြတ်ငွေ ပိုမိုရရှိစေရန် ဒေါ်လာများ ကိုင်ဆောင်ထားကြခြင်းသည် တရားမဝင် ဈေးကွက်တွင် လဲလှယ်နှုန်းကို ပိုမို မြင့်မားလာစေသည်ဟု ဝေဖန်သူများက ငြင်းခုန်နေကြသည်။

အရှေ့တောင်အာရှမှ အခြားအိမ်နီးချင်းနိုင်ငံများက ကုန်သွယ်မှုကို အားပေးရန် ၎င်းတို့၏ ငွေကြေး တန်ဖိုးကိုလျှော့ချနေကြချိန်တွင် မြန်မာနိုင်ငံသည် နိုင်ငံခြားငွေကြေးကို ကန့်သတ်ထားခြင်းသည် ဒေသတွင်းမှ ပို့ကုန်လုပ်ငန်းရှင်များအတွက် နိုင်ငံတကာဈေးကွက်တွင် ၎င်းတို့၏ ယှဉ်ပြိုင်နိုင်မှုအပေါ် စိုးရိမ်စိတ်များ ဖြစ်ပေါ် စေသည်။

သွင်းကုန်လုပ်ငန်းရှင်များဘက်မှ တိုင်တန်းမှုများ၊ သွင်းကုန်တန်ဖိုးများ မြင့်တက်လာမှုကို စိုးရိမ်ရခြင်း နှင့် ငွေကြေးဖောင်းပွမှုများ တိုးမြင့်လာခြင်းတို့ကြောင့် CBM က တုန့်ပြန်လုပ်ဆောင်ရန် ဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံ၏ သွင်းကုန်လုပ်ငန်းမှ ရင်းမြစ်တစ်ခုအရ ကွယ်ဝှက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းသည် ၁၃ ဒသမ ၉ ရာခိုင်နှုန်းအထိပင် ရှိနေနိုင်သည်ဟု ဆိုသည်။ ယင်းမှာ တရားဝင် ဖော်ပြထားသော နှုန်းထား ထက် များပြားနေခြင်း ဖြစ်သည်။
CBM က ပြောကြားရာတွင် ယင်းသည် လောင်စာဆီများနှင့် အခြားစက်သုံးဆီများ တင်သွင်းမှုကို ထောက်ပံ့ပေးရန်နှင့် မြန်မာကျပ်ငွေကို ထပ်မံကျဆင်းခြင်းမှ ကာကွယ်ရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် နိုင်ငံခြား ငွေများ ရောင်းချမှုကို သတ်မှတ်နှုန်းထား ဖြစ်သည့် တစ်ဒေါ်လာ ၁,၁၀၅ ကျပ်နှုန်းဖြင့် အကန့်အသတ်မရှိ ရောင်းချရန် ခွင့်ပြုသွားမည်ဟု ဆိုသည်။

နိုင်ငံပိုင် မီဒီယာက ပြောကြားရာတွင် ကန့်သတ်ချက်များကို ဖြေလျှော့နိုင်ရန် ဘဏ်ပေါင်း ၂၀ ခန့်က ဒေါ်လာများကို စတင်ရောင်းချသွားမည်ဟု ဆိုသည်။

လောင်စာဆီတင်သွင်းမှု ဈေးနှုန်းများသည်လည်း ကျပ်ငွေ ကျဆင်းမှုနှင့်အပြိုင် တိုးမြင့်လာလျက်ရှိ သည်။

မြန်မာ့လောင်စာဆီ ကုန်သွယ်ရေးအသင်း၏ ဝက်ဘ်ဆိုက်တွင် ဇွန်လ ၁၂ ရက်၌ ဖေါ်ပြချက်အရ octane 95 ဓာတ်ဆီဈေးနှုန်းများသည် ပြီးခဲ့သောသီတင်းပတ်ကထက် ၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာပြီး ဒီဇယ်ဈေးနှုန်းမှာမူ ၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

မြန်မာ့လောင်စာဆီ ကုန်သွယ်ရေးအသင်း၏ အတွင်းရေးမှူး ဦးဝင်းမြင့်က နိုင်ငံပိုင် မီဒီယာသို့ ပြောကြားရာတွင် CBM ၏ ဒုဥက္ကဋ္ဌသည် သွင်းကုန်လုပ်ငန်းရှင်များအား ဒေါ်လာများကို လိုအပ်သလောက် လုံလောက်စွာ ရောင်းချပေးသွားမည်ဟု အာမခံချက် ပေးထားသည်ဟု ဆိုသည်။

အာဏာပိုင်များသည် ၎င်းတို့သတ်မှတ်ထားသည့် ငွေလဲလှယ်နှုန်းထားဖြစ်သည့် ၁,၁၀၅ ကျပ်မှ အလျှော့အတင်း ၀ ဒသမ ၈ ရာခိုင်နှုန်း ပြင်ပ ရောင်းဝယ်သူများကို အရေးယူ နှိမ်နင်းလျက်ရှိသည်။
သို့ရာတွင် အစိုးရက CBM ကို ငွေလဲလှယ်နှုန်းထား သတ်မှတ်ပေးရန် တွန်းအားမပေးခင်ကပင် ဘဏ် များတွင် ဖြစ်ပေါ်နေသည်မှာ ဒေါ်လာကို ရောင်းချရန် တွန့်ဆုတ်နေကြပြီး ရောင်းချသောအခါတွင်လည်း ပြင်ပ ပေါက်ဈေးထက် လျှော့ရောင်းနေခဲ့ကြသည်။

လောင်စာဆီ ကုန်သွယ်ရေးအသင်းနှင့် သွင်းကုန်လုပ်ငန်းရှင်များက ထိုအရေးယူဆောင်ရွက်မှုကို ကြိုဆိုကြသော်လည်း ဆန်တင်ပို့သောလုပ်ငန်းများကဲ့သို့ အခြားအဖွဲ့အစည်းများက ကန့်သတ်ချက်ကို ဖြေလျှော့ပေးလိုက်ခြင်းသည် မညီမျှမှုကို ဖြစ်ပေါ်စေသည်ဟု ဆိုသည်။

ယင်းလုပ်ငန်းမှ ရင်းမြစ်များက ဆိုသည်မှာ ပို့ကုန်လုပ်ငန်းရှင်တစ်ယောက်သည် အမေရိကန် ဒေါ်လာ ကို လက်ရှိဘဏ်များက ဝယ်ယူသော နှုန်းထားဖြင့် ရောင်းချမည်ဆိုပါက ဥရောပမှ တင်ပို့သောလူများက ပေး သည့် ဈေးနှုန်းကို ယှဉ်ပြိုင်နိုင်မည်မဟုတ်ဟု ဆိုကြသည်။ လက်ရှိ ဥရောပဝယ်သူများ၏ နှုန်းထားနှင့် ယှဉ်ပြိုင် နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ အမေရိကန်ဒေါ်လာများကို တရားမဝင် ဈေးကွက်၌ ရောင်းချသွားရန် သာ ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။
ထုတ်ကုန်ဈေးနှုန်းများ တိုးမြင့်လာသည်ကို လိုက်၍ ပို့ကုန်လုပ်ငန်းရှင်အချို့သည် CBM က တစ်ပတ် လျှင် အမေရိကန်ဒေါ်လာ တစ်သောင်းသာ ထုတ်ယူရန် မူဝါဒ ချမှတ်ထားသည့်ကြားမှ ထိုသို့သာ လုပ်ဆောင် လျက်ရှိနေကြသည်ဟု ဆိုသည်။
ပို၍ ကြီးမားသောမေးခွန်းတစ်ခုမှာ ထိုငွေများသည် မည်သည့်နေရာကို ရောက်ရှိသွားသနည်း ဟူသော မေးခွန်းဖြစ်သည်။

ဘဏ်များသည် မာကြောနေသော အမေရိကန်ဒေါ်လာများကို ဖောက်သည်များထံ မရောင်းချပါ။ ယင်း အစား ဘဏ်များက အမေရိကန်ဒေါ်လာများကို ဖောင်းပွနေသော နှုန်းထားဖြင့် တရားမဝင် ဈေးကွက်သို့ ရောင်းချကြပါသည်။ ဖောက်သည်များသည် အမေရိကန်ဒေါ်လာများကို ဖောင်းပွနေသော နှုန်းထားဖြင့် တရား မဝင် ဈေးကွက်မှသာ ဝယ်ယူရသည်။

ထို့နောက်တွင် မာကြောနေသော အမေရိကန်ဒေါ်လာများကို အီလက်ထရွန်းနစ် ငွေလွှဲခြင်းများ လုပ် ဆောင်နိုင်ရန် ဘဏ်သို့ ပြန်သွင်းကြရသည်။ ဘဏ်များသည် ယင်းမာကျောသော အမေရိကန်ဒေါ်လာများကို ဖောင်းပွနေသော နှုန်းထားဖြင့် နောက်တစ်ဖန် တရားမဝင် ဈေးကွက်သို့ ပြန်လည်ရောင်းချကြသည်။ ၎င်းမှာ ဘဏ်များအတွက် အတော်ဟန်ကျသော ငွေချားရဟတ်ကို စီးနေရသကဲ့သို့ပင် ဖြစ်သည်။

Frontier မဂ္ဂဇင်းက ဆက်သွယ်မေးမြန်းခဲ့သော ပြည်တွင်းဘဏ်နှစ်ခုကမူ ယင်းသို့ ဒေါ်လာ ပြန်လည် ရောင်းချရသော ဖြစ်စဉ်ရှိကြောင်း ဖွင့်ဟဝန်ခံထားပါသည်။ သို့သော် ၎င်းတို့ဘဏ်များကမူ ထိုဖြစ်စဉ်ဖြင့် ဝင်ငွေ ရအောင် လုပ်ဆောင်ခြင်း မရှိကြောင်း၊ အကြောင်းမှာ ၎င်းတို့သည် နာမည်ပျက်စာရင်း၌ အသွင်းမခံလို၍ ဖြစ် ကြောင်း ပြောသည်။
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Related stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.