မင်္ဂလာလက်ဖွဲ့ဝန်ဆောင်ပေးမည့် ဝက်ဘ်ဆိုက် မိတ်ဆက်

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အခမဲ့အွန်လိုင်း လက်ဖွဲ့ဝန်ဆောင်မှု ဝက်ဘ်ဆိုက်ဖြစ်သည့် MingalarLetPhwet.com ကို သြဂုတ် ၁၇ ရက်နေ့က စတင်မိတ်ဆက်ခဲ့သည်။

အဆိုပါဝက်ဘ်ဆိုက်က မြန်မာနိုင်ငံရှိ မင်္ဂလာပွဲတိုင်းတွင် ကြုံတွေရမြဲဖြစ်သော အမျိုးအစားတူ လက်ဖွဲ့ပစ္စည်းများ လက်ခံရရှိခြင်းကို ဖြေရှင်းပေးနိုင်မည်ဟုဆိုသည်။

“ဧည့်သည့်တွေအနေနဲ့ မင်္ဂလာမောင်နှံတွေ ဘာလိုချင်လဲ မသိတဲ့အခါ သူတို့လိုအပ်မယ်ထင်တဲ့ ပစ္စည်းတွေကို မှန်းဆပြီး ပေးတတ်ကြပါတယ်။ အဲဒီမှာ ပစ္စည်းတစ်မျိုးတည်းကို နှစ်ခါရပြီး လက်ဖွဲ့ပစ္စည်းတွေ ထပ်နေတော့ အသုံးမဝင်ဘဲ ချောင်ထိုးထားရတာတွေ ဖြစ်လာတယ်” ဟု MingalarLetPhwet.com ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Charles-Patrick Rowan က မိတ်ဆက်ပွဲတွင် ပြောကြားသည်။

ထိုကဲ့သို့ ကိစ္စရပ်များကို ၎င်းတို့ ဝက်ဘ်ဆိုက်က ဖြေရှင်းပေးမည်ဖြစ်ကာ မင်္ဂလာမောင်မယ်များ အမှန်တကယ် လိုအပ်သည့်၊ လိုချင်သည့် ပစ္စည်းများကိုသာ လက်ဖွဲ့အဖြစ် ရရှိပိုင်ဆိုင်နိုင်ရန် ကူညီပေးမည်ဟု ၎င်းကဆိုသည်။

“ဧည့်သည့်တွေအနေနဲ့လည်း လက်ဖွဲ့ ပစ္စည်းတွေကို အွန်လိုင်းကနေ အလွယ်တကူ လက်ဆောင်ပေးနိုင်မှာဖြစ်လို့ လက်ဖွဲ့ပစ္စည်း လိုက်ရှာဝယ်ရတဲ့ ဒုက္ခကင်းဝေးစေပြီး အချိန်ကုန်၊ လူပင်ပန်း သက်သာစေမှာပါ” ဟု ၎င်းကပြောသည်။

ထို MingalarLetPhwet.com သည် မင်္ဂလာမောင်နှံများနှင့် ဧည့်သည့်များအတွက် ရာနှုန်းပြည့် အခမဲ့ဖြစ်ပြီး မင်္ဂလာပွဲနေ့တွင် လက်ခံရရှိမည့် လက်ဖွဲ့ပစ္စည်းများကို စိတ်ကြိုက်ကြိုတင် ရွေးချယ်နိုင်သော ဝက်ဘ်ဆိုက် ဖြစ်သည်။ မင်္ဂလာမောင်နှံများအနေဖြင့် မိမိလိုအပ်သော လက်ဖွဲ့ပစ္စည်းများကို ဧည်သည်တော်များထံ ကြိုတင် အသိပေးနိုင်ပြီး လက်ဖွဲ့ပစ္စည်းတစ်မျိုးတည်းကို နှစ်ခါမရရှိအောင်လည်း ပြုလုပ်ထားနိုင်မည်ဖြစ်သည်။

မင်္ဂလာပွဲကျင်းပပြီးစီးပြီးနောက် ဧည့်သည့်များ၏ MingalarLetPhwet.com မှတဆင့် လက်ဖွဲ့ပေးထားသည့် လက်ဖွဲ့ပစ္စည်းများအား ပို့ဆောင်ခပေးချေရန် မလိုအပ်ဘဲ မင်္ဂလာမောင်နှံအိမ်သို့ အခမဲ့ တိုက်ရိုက် ပို့ဆောင်ပေးမည်ဟုဆိုသည်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar