မင်္ဂလာဈေးသစ်ကို လပေါင်း ၃၀ အတွင်း အပြီးတည်ဆောက်မည်

လွန်ခဲ့သည့်နှစ်နှစ်ခန့်က မီးလောင်ပျက်စီးခဲ့သည့် မင်္ဂလာဈေးအား လပေါင်း ၃၀ အတွင်း အပြီး တည်ဆောက်သွားမည်ဖြစ်ကာ စံနမူနာပြဈေးတစ်ခု ဖြစ်စေရန် ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားသည်။

ဆိုင်ခန်းပေါင်း ၄,၀၇၉ ခန်းရှိသည့် မင်္ဂလာဈေးသည် ၂၀၁၀ ခုနှစ်က ပထမအကြိမ် မီးလောင်ခံခဲ့ရပြီး  ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ဒုတိယအကြိမ် ထပ်မံ မီးလောင်ကျွမ်းခံခဲ့ဲ့ရခြင်းဖြစ်သည်။

အဆိုပါဈေးနေရာတွင် အထပ် ၁၅ ထပ်ရှိ ဈေးသစ်ကို ကျပ် ၆၈ ဘီလျံကျော် အကုန်အကျခံကာ ဆန်းမြတ်ထွန်း (SMT)ဆောက်လုပ်ရေး ကုမ္ပဏီက တည်ဆောက်သွားမည်ဖြစ်သည်။

“အသစ်ပြန်လည် တည်ဆောက်တိုင်း ပိုမိုကောင်းမွန်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို ကျွန်တော်တို့ အစိုးရဘက်က အဓိက ထားခဲ့ပါတယ်။ ဒီနေရာမှာပြည်သူလူထုနဲ့ ပြည်သူလူထု အကျိုးအတွက် ပုဂ္ဂလိကကဏ္ဍနဲ့ ပူးပေါင်းပြီး ဈေးကြီးကို တည်ဆောက်ဖို့ မျှော်မှန်းထားပါတယ်” ဟု မေ ၃ ရက်နေ့က ပြုလုပ်သည့် ပန္နရိုက်မင်္ဂလာ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဈေးကြီးအား သတ်မှတ်ထားသည့် လပေါင်း ၃၀ အတွင်း အပြီးသတ်ဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရနှင့် မြို့တော်စည်ပင်တို့က ကြီးကြပ်သွားမည်ဖြစ်သည်ဟု ၎င်းကပြောသည်။

“ကြီးကြပ်ဆောင်ရွက်တဲ့ နေရာမှာလည်း အရည်အသွေးကိုလည်း ကြီးကြပ်သွားမှာဖြစ်ပါတယ်။ ဘာကြောင့်လည်းဆို ဒီဈေးကြီးတွေ နောင်နှစ်ပေါင်းများစွာ အရှည်တည်တံ့ခိုင်မြဲဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားရမှာဖြစ်ပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

“မကြာခင်မှာ ဒီဈေးသစ်ကြီးနဲ့အတူ ရန်ကုန်မြို့မှာရှိတဲ့ ဈေးတွေ အားလုံးကို ဝန်ဆောင်မှုကောင်းတဲ့၊ ပိုမိုသစ်လွင်တဲ့ ဈေးကြီးတွေဖြစ်လာဖို့အတွက် ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ဈေးထဲမှာ မင်္ဂလာဈေးကြီးကတော့ စံနမူနာပြဈေးကြီး ဖြစ်စေဖို့အတွက် ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရက ကြီးကြပ် ဆောင်ရွက်ပေးသွားမယ်ဆိုတာ ဒီနေရာမှာပြောကြားပါရစေ”ဟု ၎င်းကပြောကြားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.