ဘဏ္ဍာနှစ် ပထမခြောက်လ၌ အမြတ်ငွေ ကျပ်သန်း ၅,၈၀၀ ရရှိဟု UAB ဘဏ်ကြေညာ

၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့က စတင်သည့်ဘဏ္ဍာရေးနှစ်၏ ပထမခြောက်လမှတ်တမ်းအရ အခွန်ဆောင်ပြီး အသားတင်အမြတ်ငွေ ကျပ်သန်း ၅,၈၀၀ ခန့်ရရှိခဲ့သည်ဟု ပြည်တွင်းဘဏ်တစ်ခုဖြစ်သည့် ယူနိုက်တက်အမရဘဏ် (UAB Bank) က မတ် ၂၁ ရက်နေ့တွင် ကြေညာသည်။

ကြားကာလ ခြောက်လ ဘဏ္ဍာရေးကာလကုန်ဆုံးခဲ့သည့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့အထိ လုပ်နင်းမှ ရရှိသောဝင်ငွေသည် ကျပ်သန်း ၁၉,၀၄၆ ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်က ရရှိခဲ့သည့် ဝင်ငွေကျပ် ၁၁,၄၇၁ သန်းနှင့် နှိုင်းယှဉ်ပါက ၆၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

Annualised Return on Equity အနေဖြင့် ၁၇ ဒသမ ၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ မတ် ၃၁ ရက် ဘဏ္ဍာနှစ်ကုန်တွင်ရရှိခဲ့သည့် ၁ ဒသမ ၉ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက သိသာပြောင်းလဲသည့် မြင့်တက်မှုနှုန်းရရှိခဲ့ခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

“အခုလို ကျေနပ်စရာကောင်းတဲ့ရလာဒ်တွေအတွက် အရမ်းဝမ်းသာရပါတယ်။ ရိုးရှင်းပြီး သမရိုးကျဆန်တဲ့ ပထမဆုံးဘဏ်ခွဲကို နေပြည်တော်မှာ ၂၀၁၀ ပြည့်နှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ဒီခရီးကို စတင်ခဲ့ပါတယ်” ဟု ဘဏ်ဥက္ကဋ္ဌ ဦးနေအောင်က ပြောကြားသည်။

ယခုအခါ ဘဏ်၏ Total Assets အနေဖြင့် ကျပ် ၉၃၆ ဘီလျံမှ ကျပ် ၁,၀၄၇ ဘီလျံအထိ မြင့်တက်လာခဲ့ရာ ရာခိုင်နှုန်းအားဖြင့် ၁၁ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ ဘဏ်စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လမှစတင်ကာ ယနေ့အချိန်ထိ ဘဏ်သက်တမ်းတစ်လျောက်တွင် အမြင့်ဆုံးကျပ် တစ်ထရီလီယံအထိ ပထမဆုံး တိုးမြင့်လာခြင်းဖြစ်သည်ဟုဆိုသည်။

“၉  နှစ်တာ ကာလကို ဝင်ရောက်လာခြင်းနဲ့အတူ ပိုပြီး အားကောင်းခိုင်မာတဲ့၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုပုံစံတွေနဲ့ တည်ဆောက်ထားတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့အတွက် ဆက်လက်ပြီးတော့ အုတ်မြစ်ချ ဖော်ဆောင်လုပ်ကိုင်သွားမှာပါ” ဟုလည်း ဦးနေအောင်က ဆက်လက်ပြောကြားသည်။

၎င်းတို့အနေဖြင့် ယခုနှစ်အတွင်း ပြောင်းလဲမှုများစွာ လုပ်ဆောင်နေပြီး အဓိကကျသည့် Rebranding က စတင်ကာ ၎င်းတို့၏ Identity အသစ်ကိုလည်း မိတ်ဆက်သွားမည်ဟု ၎င်းကပြောသည်။

ဘဏ်၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Christopher Loh က “ပြီးခဲ့တဲ့နှစ်မှာ ကျွန်တော်တို့ ဖော်ဆောင်ခဲ့တဲ့ ပြောင်းလဲမှုတွေကနေ ပြီးခဲ့တဲ့ခြောက်လပတ်အကုန် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၃၀ မှာ မှတ်တမ်းဝင်အမြတ်ငွေကို ပေးစွမ်းနိုင်ခဲ့တဲ့အတွက် အရမ်းကျေနပ်မိပါတယ်” ဟု ပြောကြားသည်။

၎င်းတို့ ဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများသည် UAB Bank အား အင်အားကြီးပြီး ဈေးကွက်ကို ဦးဆောင်နိုင်စွမ်းရှိသည့် အထင်ကရဘဏ်တစ်ခုအဖြစ် ဖော်ဆောင်ရာတွင် ကောင်းမွန်သော အုတ်မြစ်အနေဖြင့် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

UAB Bank သည် ယခုအခါ မြို့နယ်ပေါင်း ၄၇ မြို့နယ်တွင် ဘဏ်ခွဲပေါင်း ၇၈ ခုဖွင့်လှစ်ထားကြောင်း သိရသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.