ဗြိတိန်နိုင်ငံသား အသတ်ခံရမှုဖြင့် သံသယရှိသည့် ဗြိတိန်နိုင်ငံသားကို ရဲတပ်ဖွဲ့က ရှာဖွေနေ

ရန်ကုန်၊ နိုဝင်ဘာ ၇

ရန်ကုန်မြို့လယ်ရှိ တိုက်ခန်းတစ်ခုတွင် ဗြိတိန်နိုင်ငံသားတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး သံသယရှိနေသည့် ဗြိတိန်နိုင်ငံသားသည် မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီဖြစ်သည့်အတွက် ၎င်းအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း ကျောက်တံတားရဲစခန်းမှ သိရသည်။

“ကျွန်တော်တို့ စစ်ဆေးချက်အရ သံသယဖြစ်တဲ့သူက ထွက်ပြေးနေတဲ့ ဗြိတိန်နိုင်ငံသားပဲ”ဟု ကျောက်တံတား ရဲစခန်းမှ ရဲမှူးတိုးမြို့က Frontier ကို ပြောသည်။

သေဆုံးသွားသည့် အသက် ၄၇ နှစ်အရွယ် ဗြိတိန်နိုင်ငံသား၏ ရုပ်အလောင်းကို နိုဝင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး မှုခင်းဆရာဝန်များက ခွဲစိတ်စစ်ဆေးကာ သေဆုံးရသည့်အကြောင်းအရင်းကို ရှာဖွေနေကြောင်း ရဲအရာရှိများက ပြောကြားသည်။

“ရင်ခွဲစစ်ဆေးချက်က မထွက်သေးဘူး။ ဘာကြောင့်ဖြစ်ခဲ့လဲဆိုတာကို ပြောနိုင်ဖို့ နဲနဲတော့စောင့်ရမယ်။ ဆေးစစ်ချက်ရပြီးမှ သိရမယ်”ဟု ရဲမှူးတိုးမြို့က ယနေ့နံနက်ပိုင်းက ပြောကြားသည်။

လူသတ်မှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က အလိုရှိနေသည့် အသက် ၂၅ နှစ်ရှိ Mr. Harris John Italo Binotti သည် နိုဝင်ဘာ ၅ ရက်နေ့၊ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ လေကြောင်းလိုင်းတစ်ခုဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း ကနဦးစုံစမ်းစစ်ဆေးမှုများကို အခြေခံပြီး မြန်မာအစိုးရပိုင်သတင်းဌာနများက ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်အရ သေဆုံးသူနှင့် လူသတ်မှုတွင် သံသယဖြင့်စွပ်စွဲခံရသူတို့သည် ခိုက်ရန်ဖြစ်ပွားခဲ့သည့် အခြေအနေများရှိခဲ့သည်ဟု ဆိုသည်။

သာကေတမြို့နယ်၊ အမှတ် (၈) ရပ်ကွက်ရှိ မြခွာညိုအိမ်ရာတွင် နေထိုင်သော အသက် ၄၇ နှစ်အရွယ် ဗြိတိန်နိုင်ငံသား Mr. Peter Gary Ferguson ၏ ရုပ်အလောင်းကို ၎င်း၏ဇနီးဖြစ်သူက လူသတ်မှုဖြင့် သံသယ ဖြစ်ခံနေရသည့် Mr. Harris John Italo Binotti နေထိုင်သော ကျောက်တံတားမြို့နယ်၊ အမှတ် (၈)ရပ်ကွက် ၃၉ လမ်း (အလယ်ဘလောက်)ရှိ တိုက်ခန်းတွင် ဒဏ်ရာများဖြင့် နိုဝင်ဘာ ၆ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အခင်းမဖြစ်ပွားမီ နိုဝင်ဘာ ၄ ရက်နေ့ညက ၎င်းတို့နှစ်ဦးသည် ပါတီပွဲတွင် အတူတကွ သောက်စားခဲ့ကြပြီးနောက် ၃၉ လမ်းရှိ တိုက်ခန်းသို့ သေဆုံးသူက လိုက်ပါသွားခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းတို့နှစ်ဦးလုံးမှာ ရန်ကုန်မြို့ရှိ Horizon International School မှ ကျောင်းဆရာများဖြစ်ကြသည်ဟု သတင်းများတွင် ဖော်ပြထားသည်။

အမှုနှင့် ပတ်သက်ပြီး သံသယရှိသူမှာ ပြည်ပသို့ ထွက်ခွာသွားပြီဖြစ်သဖြင့် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာပို)နှင့် ဆက်သွယ်ကာ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သည်ဟု ရဲမှူးတိုးမြို့က ပြောကြားကြောင်း အေအက်ဖ်ပီက ရေးသားထားသည်။

ရန်ကုန်မြို့ရှိ ဗြိတိသ ျှ နိုင်ငံခြားရေးရုံးက သေဆုံးသူ၏ မိသားစုကို ကူညီပေးလ ျှက်ရှိသလို အမှုနှင့် ပတ်သက်ပြီး မြန်မာအာဏာပိုင်များနှင့် ဆက်သွယ်ဆောင်ရွက်နေသည်ဟု သိရသည်။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar