ပြန်လည်သုံးသပ်ချက်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အဆိုပြုတဲ့ အဆိုပြုချက် ခြောက်ချက်ထဲက ငါးချက်ကို ပြည်ထောင်စုလွှတ်တော်က ဇွန်လ ၂၅ ရက်မှာ ပယ်ချခဲ့ပြီး ပုဒ်မ ၅၉ (ဃ) နဲ့ ဆက်စပ်တဲ့ ကိစ္စရပ် အနည်းငယ်ကိုသာ အတည်ပြုပေးခဲ့ပါတယ်။ ယခုကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ခေါင်းဆောင်ဖြစ်သူ ဦးခင်မောင်ဆွေရဲ့ အမြင်သဘောထားကို Frontier က မေးမြန်းခဲ့ပါတယ်။

မေး – ပုဒ်မ ၄၃၆ အတွက် ပြင်ဆင်ချက်တွေကို ပယ်ချလိုက်ခဲ့တဲ့အပေါ် အံ့သြမိပါသလား။

ဖြေ – အံသြစရာတော့ မဟုတ်ပါဘူး။ ပုဒ်မ ၄၃၆ ပြင်ဆင်ချက်တွေကို ပယ်ချလိမ့်မယ် ဆိုတာကို ကျွန်တော်တို့ သိခဲ့ပြီးသားပါ။ ဒါကို ပြောင်းလဲဖို့အတွက် တပ်မတော်က ခက်ခဲအောင် လုပ်မယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိပြီးသားပါ။ ဒါကို ပြောင်းလဲမယ်ဆိုရင် လွှတ်တော်အတွင်းမှာ ရှိတဲ့ သူရဲ့ အခန်းကဏ္ဍ လည်းရှိမှာ မဟုတ်တော့လို့ပါ။ ငြိမ်းချမ်းရေးဖြစ်စဉ်က ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်တာကြောင့် တပ်မတော်အနေနဲ့ သူ့ရဲ့အာဏာကို စွန့်လွှတ်မှာ မဟုတ်ပါဘူး။

မေး – တပ်မတော်သားတွေအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြီးဆုံးသွားတဲ့အခါကျမှသာ လွှတ်တော်အာဏာကို ပြန်ပေးဖို့ အလားအလာ များနေပါသလား။

ဖြေ – ကျွန်တော်ကတော့ အဲလိုပဲ ယူဆပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြီးဆုံးသွားတဲ့အခါကျရင် တပ်မတော်က လွှတ်တော်တွင်းမှာရှိတဲ့ သူ့ရဲ့အခန်းကဏ္ဍကို တဖြည်းဖြည်းချင်း လျှော့ချသွားပါလိမ့်မယ်။ အရေးကြီးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်အကြားမှာ ယုံကြည်မှု တည်ဆောက်ဖို့ပါပဲ။ မယုံကြည်မှုတွေ ရှိနေသေးရင် အခြေအနေက ဒီအတိုင်းပဲ ရှိနေမှာ ဖြစ်လို့ပါ။ ကျွန်တော်တို့က ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ်ကို လိုချင်တယ်။ ဒါပေမဲ့ ဒီလိုဖြစ်လာဖို့အတွက် ငါးနှစ် သို့မဟုတ် ဆယ်နှစ် လောက် ကြာနိုင်ပါတယ်။

မေး – သမ္မတကို အရွေးချယ်ခံ ကိုယ်စားလှယ်တွေထဲက ရွေးချယ်သင့်တယ်လို့ ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၆၀ (ဂ) ကို ပြင်ဆင်ဖို့ ငြင်းပယ်ခြင်းက အံသြစရာ ကောင်းပါသလား။

ဖြေ – ကျွန်တော်တို့အနေနဲ့ ဒီပြင်ဆင်ချက်နဲ့ ပတ်သက်လို့ လုံးဝ သဘောမတူခဲ့ပါဘူး။ ကျွန်တော်တို့နိုင်ငံက သမ္မတစနစ်နဲ့ သွားနေတာပါ။ ပါလီမန်စနစ်နဲ့ မဟုတ်ပါဘူး။ ဒါကြောင့် ဒီအပြောင်းအလဲက ကျွန်တော်တို့ရဲ့ စနစ် သို့မဟုတ် ကျွန်တော်တို့နိုင်ငံအတွက် အကျိုးရှိစေမှာ မဟုတ်ပါဘူး။

အောင်မင်း ဘာသာပြန်သည်။

More stories

Related stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.