ပင်လယ်ရေအောက် အင်တာနက် ဆက်ကြောင်းသစ် တည်ဆောက်ရန် ပြင်ဆင်

မြန်မာနိုင်ငံအတွက် ပထမဆုံး ပုဂ္ဂလိကပိုင် ပင်လယ်ရေအောက် အင်တာနက်ကေဘယ် ဆက်ကြောင်းသစ် တည်ဆောက်ရန်အတွက် စင်ကာပူအခြေစိုက် တယ်လီကွန်းဆက်သွယ်ရေး အခြေခံအဆောက်အဦး တည်ဆောက်သည့် Campana နှင့် တူရကီအခြေစိုက် ပင်လယ်ရေအောက် ကေဘယ်ဆက်ကြောင်း တည်ဆောက်သည့် ကမ္ဘာ့ဦးဆောင်ကုမ္ဗဏီ Alcatel-Lucent တို့ သဘောတူညီခဲ့ကြသည်။

မြန်မာ-မလေးရှား-ထိုင်း-အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်း (Myanmar-Malaysia-Thailand-International Connection-MYTHIC) ဟု ခေါ်မည့် အဆိုပါ ဆက်ကြောင်းသစ်သည် ပြင်ပနှင့် အင်တာနက်ဆက်သွယ်ရေးလိုင်းများ လိုအပ်နေသည့် မြန်မာနိုင်ငံအတွက် တစ်စက္ကန့်လ ျှင် ၃၀၀ ဂစ်ဂါဘိုက်ရှိ အင်တာနက်မြန်နှုန်း ထပ်မံရရှိစေမည်ဖြစ်သည်။

၂၀၁၅ ခုနှစ်အကုန်ပိုင်းတွင် မြန်မာတစ်နိုင်ငံလုံး ရရှိသည့် နိုင်ငံတကာ အင်တာနက်ဆက်သွယ်ရေး ပမာဏမှာ တစ်စက္ကန့်လ ျှင် ၁၀၀ ဂစ်ဂါဘိုက်သာဖြစ်သည်ဟု Campana ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဌာန ခေါင်းဆောင် Julian Rawle ကပြောသည်။

“ဒါကြောင့် ဆက်ကြောင်းသစ် စတင်တာနဲ့ လက်ရှိရှိနေတာထက် သုံးဆ ချက်ချင်း တိုးလာစေမှာပါ” ဟု ၎င်းကပြောသည်။

ကေဘယ်ဆက်ကြောင်းသစ် တည်ဆောက်ရန် အချိန် ၁၅ လခန့် ကြာမြင့်မည်ဖြစ်သဖြင့် ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် စတင်အသုံးပြုနိုင်ရန် မေ ျှာ်မှန်းထားသည်။ အဆိုပါ ဆက်ကြောင်းသည် မြန်မာပြည်အတွက် ဒုတိယမြောက် ပင်လယ်ရေအောက်ဆက်ကြောင်း ဖြစ်လာမည် ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံနှင့် ပြင်ပနိုင်ငံများ ဆက်သွယ်ထားသည့် ဖိုင်ဘာအင်တာနက် ဆက်ကြောင်းကို အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထိန်းချုပ်ထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ အင်တာနက် အသုံးပြုခများမှာ စင်ကာပူနိုင်ငံထက် ခုနစ်ဆမှ ၁၀ ဆအထိ မြင့်မားနေပြီး ထိုင်းနိုင်ငံထက် နှစ်ဆခန့် ဈေးများနေသည်။

ယခုကေဘယ်သစ်ကိုမူ တယ်လီဖုန်း အော်ပရေတာနှင့် တယ်လီကွန်းဆက်သွယ်ရေးကုမ္ဗဏီတစ်ခုတည်းက ပိုင်ဆိုင်မည်မဟုတ်ပဲ နိုင်ငံတွင်း အင်တာနက်သုံးဆွဲခများ လျော့ကျသွားရေးအတွက် အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။

Alcatel-Lucent ၏ ဈေးကွက်ဒါရိုက်တာဖြစ်သူ Francesca Cazzaniga က ၎င်းတို့ ကုမ္ဗဏီအနေဖြင့် ယခုစီမံချက်တွင် အစမှ အဆုံးအထိ ပါဝင်လုပ်ကိုင်သွားမည်ဟု ပြောသည်။

 “စီမံကိန်းအစအဆုံး စီမံဆောင်ရွက်သွားမှာပါ။ ဒါဘာသဘောလဲဆိုတော့ ကေဘယ်ဒီဇိုင်းဆွဲတာ၊ ကေဘယ်ထုတ်လုပ်တာ၊ ကေဘယ်ကြိုးချတာနဲ့ စနစ်တွေ တပ်ဆင်တာတွေအားလုံး ဆောင်ရွက်သွားမှာပါ” ဟု ၎င်းကပြောသည်။

More stories

Related stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar