လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်ကတည်းက မြန်မာနိုင်ငံတွင်းကပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာရပြီး တတိယနိုင်ငံကိုသွားရောက်ဖို့ ထိုင်းနယ်စပ်မှာ နှစ်ရှည်လများ ခိုလှုံနေကြတဲ့ဒုက္ခသည်တွေ အများအပြားရှိပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အန္တရာယ်တွေကြောင့် မြန်မာနိုင်ငံတစ်ဝန်းကနေ ထွက်ပြေးတိမ်းရှောင်လာသူတွေ ပိုများလာချိန်မှာ သူတို့တွေရဲ့ တတိယနိုင်ငံ အိပ်မက်တွေက ဘယ်လိုရှိနေပါသလဲ။ ဒီပေါ့ဒ်ကတ်စ်မှာ အပြည့်အစုံ နားဆင်နိုင်ပါပြီ။ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပိုမိုသိရှိလိုပါက ဒို့အသံ Page ကို အခုဘဲ Follow လုပ်ထားပါ။
ဒို့အသံဟာ မြန်မာနိုင်ငံတဝန်းက လူ့အခွင့်အရေးအခြေအနေတွေကို တင်ဆက်ပေးနေတဲ့ အပတ်စဉ် ပေါ့ဒ်ကတ်အစီအစဉ် ဖြစ်ပါတယ်။ ဒို့အသံအစီအစဉ်ကို ဟီရွန်ဒဲလ်ဖောင်ဒေးရှင်းနဲ့ အလှူရှင်အဖွဲ့အစည်းတွေက ပံ့ပိုးပေးမှုနဲ့အတူ ဖရွန်တီးယားမြန်မာနဲ့ မြန်မာနိုင်ငံတစ်ဝန်းက မိတ်ဖက်မီဒီယာတွေ ပူးပေါင်းတင်ဆက်ထားတာဖြစ်ပါတယ်။
