မြန်မာနိုင်ငံအလယ်ပိုင်းက ဗမာလူမျိုး အများစုနေထိုင်ရာ ပူပြင်းခြောက်သွေ့တဲ့အညာဒေသဟာ အာဏာသိမ်းမှုကို အားကောင်းကောင်းနဲ့ဆန့်ကျင်နေတဲ့ ဒေသတခုဖြစ်ပါတယ်။ လက်ရှိ အညာဒေသကနေရာအများစုဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်မှုတွေအောက်မှာ ရှိပါတယ်။ စစ်တပ်က ဒေသခံကျေးရွာက လူထုတွေအပေါ် ရက်စက်တဲ့လုပ်ရက်တွေကို ကျုးလွန်နေပြီး ဒါတွေကို ဒေသခံတွေဟာ ငုံ့မခံဘဲ နေ့စဉ်တိုင်း နည်းအမျိုးမျိုးနဲ့ ထုတ်ဖော်ပြောဆိုမှုတွေ တုံ့ပြန်မှုတွေ လုပ်နေကြပါတယ်။ လယ်ကွင်းတွေထဲ တော်လှန်ရေးသီချင်းဆိုတာတွေ၊ တော်လှန်အကအဖွဲ့တွေနဲ့ တော်လှန်ရေးရန်ပုံငွေရှာတွေစသဖြင့် လုပ်ဆောင်ကြပြီး ထောက်ပံ့နေကြပါတယ်။
မင်္ဂလာပါရှင်။ မြန်မာနိုင်ငံတစ်ဝှမ်းက လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးနေတဲ့ ဒို့အသံ အပတ်စဉ် podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီအစီအစဉ်ကို Foundation Hirondelle က ကူညီပံ့ပိုးပေးထားတာပါ။ဒီတပတ် အစီအစဉ်ကိုတော့ ဒို့အသံရဲ့ သတင်းထောက်ဟယ်ရီကဆက်လက်တင်ဆက်ပေးပါမယ်။ ဆောင်းပါးအတွင်း လုံခြုံရေးအခြေနေတွေကြောင့်နာမည်တစ်ချို့ကိုပြောင်းလဲအသုံးပြုထားပါတယ်။