ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်မည်

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု၏ ဖိတ်ကြားချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်မည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

ဗီယက်နမ်မီဒီယာများ၏ ရေးသားချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်သို့ ဧပြီ ၁၉ နှင့် ၂၀ ရက်နေ့များတွင် သွားရောက်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်နိုင်ငံသို့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာက နောက်ဆုံးအကြိမ် သွားရောက်ခဲ့သည်။ ထိုစဉ်က အာရှ ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးညီလာခံ တက်ရောက်ရန် သွားရောက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် APEC အဖွဲ့ဝင်မဟုတ်သော်လည်း ဗီယက်နမ်သမ္မတ၏ ဖိတ်ကြားမှုကြောင့် တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းကလည်း ထိုစဉ်က သမ္မတဦးထင်ကျော်သည် ဗီယက်နမ်သမ္မတ၏ ဖိတ်ကြားမှုဖြင့် တရားဝင်ခရီးသွားရောက်ခဲ့သည်။

ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့သည် ၁၉၇၅ ခုနှစ်တွင် သံတမန်ဆက်ဆံရေးတည်ထောင်ခဲ့သည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ဇန်နဝါရီလအထိ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၅၉၂ သန်း ရှိခဲ့ကြောင်း သိရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar