‘ဒီမိုကရေစီခေတ်ကာလမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဆုံးဖြတ်ချက် မဟုတ်ဖူး” -ဒေါက်တာထွန်းဝင်း

နေပြည်တော်၊ နိုဝင်ဘာ ၁၉

သမ္မတအမိန့်နဲ့ တာဝန်က ရပ်စဲခြင်းခံခဲ့ရတဲ့ စိုက်ပျိုးရေး၊ေ မွးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက သူဟာ ပြင်းထန်တဲ့ အပြစ်ပေးမှုကို ကြုံတွေ့ခဲ့ရတယ်လို့ Frontier ကို ပြောပါတယ်။

သမ္မတရုံးက ယမန်နေ့ (နိုဝင်ဘာ ၁၈ ရက်) ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ စာထဲမှာ သူ့ကို တာဝန်မှ ရပ်စဲလိုက်တယ်လို့သာ ဖော်ပြထားပြီး အကြောင်းရင်းကိုတော့ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိပါဘူး။

”ဒါကိုဖြေရှင်းဖို့ အစိုးရမှာတာဝန်ရှိတယ်”လို့ နေပြည်တော်မှာရှိတဲ့ ဒုဝန်ကြီးနေအိမ်မှာ ဒေါက်တာထွန်းဝင်းက ယနေ့နံနက်ပိုင်းမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့သုံးလလောက်က အစည်းအဝေးတစ်ခုမှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာ အောင်သူနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အငြင်းပွားမှုကနေ ဒီအခြေအနေအထိ ရောက်လာတာဖြစ်တယ်လို့ သူယုံကြည်ကြောင်းလည်း သူကပြောပါတယ်။