ဒိန်းမတ်က မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဒေါ်လာသန်း ၇၀ ထောက်ပံ့

ရန်ကုန်၊ ဒီဇင်ဘာ ၁

မြန်မာနိုင်ငံ၏ တရားမျှတမှုကဏ္ဍ လူ့အခွင့်အရေးဆိုင်ရာ စွမ်းဆောင်နိုင်မှူ တည်ဆောက်ပေးခြင်း၊ အရည်အသွေး ပြည့်ဝသော အခြေခံပညာရေးကို ကလေးများ ရရှိမှူ မြင့်မားစေခြင်း၊ ရေသယံဇာတများကို ပြည်သူများပါဝင်သော ပူးတွဲစီမံခန့်ခွဲမှူ စတင်အသုံးပြုစေခြင်းနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ တိုးတက်စေခြင်းအားဖြင့် အလုပ်အကိုင်များ ပိုမိုရရှိစေရန်တို့အတွက် ဒိန်းမတ်နိုင်ငံက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၇၀ ထောက်ပံ့သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအစဉ်သစ်ဖြစ်သည့် ဒိန်းမတ် မြန်မာ နိုင်ငံတော်စီမံကိန်း (၂၀၁၆-၂၀၂၀) ဖြင့် ဒိန်းမတ်နိုင်ငံက ၎င်း၏ ကူညီထောက်ပံ့မှုကို တိုးမြှင့်လိုက်ခြင်း ဖြစ်သည်ဟု ဒိန်းမတ်သံရုံးက ယနေ့ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှုကို နေပြည်တော်တွင် ဒိန်းမတ် သံအမတ်ကြီး ပီတာဟန်ဆန်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က နေပြည်တော်တွင် ယနေ့ လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ သဘောတူညီမှုတွင် အစီအစဉ် ခုနစ်ခု ပါဝင်ပြီး အချို့သောအစီအစဉ်များသည် မြန်မာအစိုးရစနစ်သို့ ဘဏ္ဍာရေး အကူအညီ တိုက်ရိုက် ပေးအပ်မှုလည်း ပါဝင်မည် ဖြစ်သည်။

“အစီအစဉ် အကောင်အထည်ဖေါ်ရာနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းရေး လုပ်ငန်းစဉ်အား ဒိန်းမတ်နိုင်ငံ၏ ထောက်ခံကူညီမှူဖြင့် ဆက်လက်ဆောင်ရွက်ရာတို့တွင် အခြား မိတ်ဖက်အဖွဲ့များ အပါအဝင် မြန်မာနိုင်ငံတော် အစိုးရနှင့် အနီးကပ် ပူးပေါင်းလုပ်ဆောင်သွားရန် မျှော်လင့်ပါတယ်။ ဒိန်းမတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ ဘဏ္ဍာရေးစနစ်သို့ ပထမဦးဆုံး တိုက်ရိုက် ပေးအပ်သော မိတ်ဖက်နိုင်ငံ ဖြစ်သည့်အတွက်လည်း ဝမ်းသာမိပါတယ်။ ထိုသို့ မြန်မာနိုင်ငံ အစိုးရစနစ်အတွင်းမှ ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံ အစိုးရ ယန္တရားစနစ် အားကောင်းလာစေလိုသည့် ဒိန်းမတ်နိုင်ငံ၏ ဆန္ဒကိုပေါ်လွင်စေပါတယ်” ဟု ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး မစ္စတာဟန်ဆန်က ပြောကြားသည်။

ဒိန်းမတ်-မြန်မာ နိုင်ငံတော်အစီအစဉ် ၂၀၁၆-၂၀၂၀ ကို မြန်မာနိုင်ငံတွင် အများနှင့် ကျယ်ပြန့်သော ဆွေးနွေးမှူများအပေါ် အခြေခံကာ ရေးဆွဲခဲ့ခြင်းဖြစ်ပါသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အစီအစဉ်သည် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေး မြှင့်တင်ရန်၊ အရည်အသွေးပြည့်ဝသော အခြခံပညာရရှိမှူ တိုးတက် စေရန်နှင့် တိုင်းရင်းသားများနှင့် ဖယ်ကျဉ်ထားခံရသောသူများ၏ စားဝတ်နေရေးအပါအဝင် ရေရှည် တည်တံ့သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ရည်မှန်းထားသည်ဟုလည်း ဖော်ပြထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.