ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားသစ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ် ဖွင့်လှစ်

သောင်ရင်းမြစ်ကိုဖြတ်ကာ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ဆက်သွယ်ထားသည့် ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂)ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချာအိုချာတို့က ယနေ့ (မတ် ၁၉ ရက်နေ့) တွင် ဖွင့်လှစ်လိုက်သည်။

မြန်မာနိုင်ငံ၊ မြဝတီနှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တို့အား ဆက်သွယ်ထားသည့် အဆိုပါတံတားသည် ဒုတိယတံတားဖြစ်ပြီး တံတားဟောင်း၏ မြောက်ဘက် ၅ ကီလိုမီတာခန့်အကွာ၌ တည်ရှိသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိက လမ်းကြောင်းပေါ်တွင် တည်ရှိသည့် တံတားတည်ဆောက်မှုကို ၂၀၁၅ ခုနှစ်က စတင်ခဲ့သည်။ ၁၉၉၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည့် မူလတံတားဟောင်းက ခိုင်ခံ့မှုအားနည်းလာပြီး ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာနိုင်တော့ခြင်း မရှိတော့သည့်အတွက် တံတားသစ်တည်ဆောက်ရန် နှစ်နိုင်ငံသဘောတူညီခဲ့ကြခြင်းဖြစ်သည်။

အဆိုပါတံတားကို ထိုင်းနိုင်ငံက အကုန်အကျခံ တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကာ ထိုင်းဘတ်ငွေသန်း ၃,၉၀၀ ခန့်ကုန်ကျခဲ့သည်။ တံတား၏ မြန်မာဘက်ခြမ်းတွင် ၄ ကီလိုမီတာရှည်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းတွင်မူ ၁၇ ကီလိုမီတာ ရှည်လျားကြောင်း သိရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar