ထိုင်းတွင် ဘတ်စ်ကားမီးလောင်မှု၌ မြန်မာ ၂၀ ဦးသေဆုံး

အေအက်ဖ်ပီ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဦးတည်လာသည့် ဘတ်စ်ကားတစ်စီး ယနေ့နံနက်အစောပိုင်းက မီးလောင်ခဲ့ရာ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀ ဦး သေဆုံးခဲ့သည်ဟု အာဏာပိုင်များက ပြောကြားသည်။

ထိုင်းနိုင်ငံ၏ နယ်စပ်မြို့မှ မြို့တော်ဘန်ကောက်ဆီသို့ အတူမောင်းနှင်လာသည့် ကားလေးစင်းအနက် အဆိုပါကား၌ မီးက မည်ကဲ့သို့ စတင်လောင်ကျွမ်းခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

ဘတ်စ်ကားကို မီးလောင်ကျွမ်းသွားပြီး အတွင်း၌ ခရီးသည်များ ပိတ်မိနေမှုများကို ရုပ်မြင်သံကြား ပုံရိမ်များတွင် တွေ့မြင်ရသည်။

“သေဆုံးသူက အခုဆို ၂၀ ဦးရှိပါပြီ။ သုံးဦးဒဏ်ရာရရှိပါတယ်” ဟု တက်ခ်ခရိုင် သဘာဝဘေး ကာကွယ်ရေးနှင့် လျော့ပါးသက်သာစေရေးစင်တာမှ Pollawat Sapsongsuk က အေအက်ဖ်ပီကို ပြောကြားသည်။

ဘတ်စ်ကားပေါ်တွင် လူ ၄၇ ဦး လိုက်ပါလာခဲ့သည်ဟု တက်ခ်ခရိုင်မှ ကယ်ဆယ်ရေးလုပ်သားတစ်ဦးဖြစ်သူ Kittisak Boonchan က သတင်းထောက်များကို ပြောကြားသည်။

အဆိုပါမတော်တဆမှုသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသည့် ထိုင်းနိုင်ငံအနောက်မြောက်ပိုင်းရှိ တက်ခ်ခရိုင်၌ နံနက် ၁ နာရီ ၂၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသည် လမ်းအန္တရာယ် လုံခြုံစိတ်ချရမှု အားနည်းသည့်မှတ်တမ်းရှိသော နိုင်ငံတစ်ခုဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ နှစ်စဉ် လူပေါင်း ၂၄,၀၀၀ ခန့်မှာ လမ်းများပေါ်တွင် သေဆုံးနေကြသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်ကလည်း နိုင်ငံအရှေ့တောင်ပိုင်းတွင် ဘတ်စ်ကားတစ်စီးက လမ်းချော်ကာ သစ်ပင်အား ဝင်တိုက်မှုကြောင့် လူ ၁၈ ဦး သေဆုံးခဲ့ရသည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားချိန်တွင် မူးယစ်ဆေးသုံးစွဲထားသည်ဟု ယာဉ်မောင်းဖြစ်သူက နောက်ပိုင်းတွင် ဝန်ခံခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar