လိင်စိတ်ခံယူမှုကွဲပြားသူ LGBT တွေဟာ ရှေးရိုးစွဲအယူတွေရှိနေတဲ့ မြန်မာလူမှုအသိုင်းအဝိုင်းမှာ ခွဲခြားဆက်ဆံမှုတွေကို မကြာခဏကြုံတွေ့ရပါတယ်။ ဒါပေမယ့်လည်း LGBT တွေဟာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် မတူညီတဲ့ ပုံစံတွေနဲ့ အရေးပါတဲ့ကဏ္ဍတွေမှာ ပါဝင်နေကြပါတယ်။ ဒီတစ်ပတ်မှာတော့ နယ်ပယ်လေးခုက LGBT တွေဖြစ်တဲ့ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခေါင်းဆောင်၊ ပြည်ပရောက် ဖက်ရှင်ဒီဇိုင်နာ၊ စစ်ကြောရေးတွင်း လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံခဲ့ရတဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင် နဲ့ လူထုစည်းရုံးရေးတွေလုပ်နေတဲ့ LGBT တွေနဲ့ ဒို့အသံက စကားပြောခဲ့ပါတယ်။
မင်္ဂလာပါရှင်။ မြန်မာနိုင်ငံတစ်ဝှမ်းက လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးနေတဲ့ ဒို့အသံ အပတ်စဉ် podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီအစီအစဉ်ကို Foundation Hirondelle က ကူညီပံ့ပိုးပေးထားတာပါ။ဒီတပတ် အစီအစဉ်ကိုတော့ ဒို့အသံရဲ့ သတင်းထောက်ကဆက်လက်တင်ဆက်ပေးပါမယ်။ ဆောင်းပါးအတွင်း လုံခြုံရေးအခြေနေတွေကြောင့်နာမည်နဲ့အသံတစ်ချို့ကိုပြောင်းလဲအသုံးပြုထားပါတယ်။